ဆုန်ခရမ်မှာ ရေပက်မခံချင်သူကို ရေအတင်းပက်မယ်ဆိုရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။ အလုပ်ကိစ္စရှိသူတွေ၊ ဆိုင်ကယ်စီးလာရင်း မတော်တဆဖြစ်မှာကြောက်သူတွေနဲ့ ဒီလိုရေမကစားချင်သူတွေကို ရေပက်ခဲ့မယ်ဆိုရင် ဒဏ်ငွေ ဘတ် တစ်သောင်းကနေ ထောင်ဒဏ် တစ်လထိ ရှိပါတယ်။
ဒါ့အပြင် ရေပက်ခြင်းကြောင့် တခြားသူရဲ့ ပိုင်ဆိုင်မှုတစ်ခုခု ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး တိုင်ကြားလာခဲ့မယ်ဆိုရင် ဖမ်းဆီးအရေးယူမယ်လို့ လည်း သိရပါတယ်။ ဥပမာ- ဖုန်းလိုပစ္စည်းတစ်ခုခုဟာ ရေစို သုံးမရ ဖြစ်ခဲ့မယ်ဆိုရင် ပိုင်ဆိုင်မှုဆိုင်ရာ ပျက်စီးဆုံးမှုမြောက်မှာဖြစ်ပြီး ဒဏ်ငွေ ဘတ် ခြောက်သောင်းကနေ ထောင်ဒဏ် သုံးနှစ်ထိ ရှိမှာ ဖြစ်ပါတယ်။
ဆုန်ခရမ်မှာ လေဖိအားများတဲ့ ရေသေနတ်နဲ့ ရေကစားတာ၊ ယာဉ်ကိုမူးပြီးမောင်းတာ၊ မသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာနဲ့ တခြားရှောင်ကျဉ်သင့်တာတွေကိုလည်း မပြုလုပ်ကြဖို့ ထိုင်းအစိုးရက နှိုးဆော်ထားပါတယ်။