ထိုင်းနိုင်ငံ ၊ပါကျင်ဘူရီရှိ စက်ရုံတစ်ခုမှာ ဓာတုအိုးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ မြန်မာလုပ်သားနှစ်ဦးအတွက် ဘတ်ငွေ ၂ သန်းကျော်စီ လျော်ကြေးပြန်ရခဲ့တယ်လို့ သိရပါတယ်။ ပါကျင်ဘူရီရှိ စက်ရုံတစ်ခုမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကိုမင်းအောင် (၄၁ နှစ်) နဲ့ ကိုသက်ဝေ (၃၆ နှစ်) တို့ဟာ အလုပ်ချိန်အတွင်း ဓာတုဗေဒပေါင်းအိုး ပေါက်ကွဲမှုကြောင့် ပေါင်းအိုးထဲပြုတ်ကျပြီး သေဆုံးခဲ့တာပါ။ 

ဒီဖြစ်ရပ်အပြီးမှာ စက်ရုံကနေ သဂြိုလ်ပေးတာနဲ့ သဂြိုလ်စရိတ်တွေ ထုတ်ပေးခဲ့ပေမယ့် ကျန်ရှိတဲ့ နစ်နာကြေး ကိစ္စတွေက စက်ရုံနဲ့ အလုပ်ရုံကြားမှာ ကြန့်ကြာနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွယ်လွန်သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေက MHAC မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ MHAC အဖွဲ့အနေနဲ့ ကျန်ရစ်သူမိသားစုတွေကို ရုံးမှာသုံးလကျော်ကြာ ခေါ်ယူစောင့်ရှောက်ပေးရင်း နစ်နာကြေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာတော့ သေဆုံးသူ နှစ်ဦးအတွက် စုစုပေါင်း ဘတ်ငွေ ၄ သိန်းကျော်ကို မိသားစုဆန္ဒအတိုင်း ရဲစခန်း တာဝန်ရှိသူတွေရှေ့မှာ လက်ခံရယူနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ သဂြိုလ်စရိတ် ဘတ်ငွေ ၁ သိန်းကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင်လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စခွန်)မှ ကျန်ရစ်သူ မိဘနဲ့ သားသမီးတွေအတွက် ၁၀ နှစ်စာ ထောက်ပံ့ငွေဖြစ်တဲ့ ဘတ်ငွေ ၁ သန်း ၅ သိန်း ရရှိဖို့ကိုလည်း ဆက်လက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ MHAC အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

Share.
Leave A Reply

Exit mobile version