ဘန်ကောက်ဘဏ် (Bangkok Bank) က အီလက်ထရွန်နစ်စနစ်ကို ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ ရှိတာကြောင့် ဒီပြုပြင်ချိန်အတွင်း ဘန်ကောက်ဘဏ်သုံးတဲ့သူတွေနဲ့ ဘန်ကောက်ဘဏ်ကို ငွေလွှဲမယ့်သူတွေအနေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ခဏ ရပ်နားထားရမယ်လို့ ဘန်ကောက်ဘဏ်က အသိပေး ကြေငြာထားပါတယ်။ ပြုပြင်မှုတွေကို နိုဝင်ဘာလ ၈ ရက်၊ စနေနေ့ မနက်ပိုင်း မှာ အဓိက လုပ်သွားမယ်လို့ သိရပါတယ်။ 

မနက် ၁ နာရီ ကနေ ၇ နာရီအထိ

  • Bangkok Bank Mobile Banking ကနေ လုပ်တဲ့ ငွေလွှဲတာ၊ ငွေပေးချေတာ အပါအဝင် မိုဘိုင်းလ်ဘဏ်စနစ်ရဲ့ ဝန်ဆောင်မှုအားလုံး ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

မနက် ၁ နာရီ ကနေ ၅ နာရီအထိ

  • ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အများစု ရပ်နားပါမယ်။ ဥပမာ-အွန်လိုင်းဘဏ်လုပ်ငန်းတွေ (Bualuang iBanking, Bualuang Biz iBanking စတဲ့ အွန်လိုင်းစနစ်တွေပါဝင်ပါတယ်။ 
  • ဘန်ကောက်ဘဏ်ရဲ့ ATM နဲ့ ငွေသွင်းစက် (CDM) တွေလဲ ရပ်နားမှာဖြစ်ပါတယ်။ 
  • PromptPay, QR Payment, နဲ့ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်အားလုံး ရပ်နားထားမှာပါ။
  • တခြားဘဏ် ATM တွေကနေ ဘန်ကောက်ဘဏ် ကတ်တွေသုံးပြီး ရှင်းတာတွေပါ ရပ်ဆိုင်ထားမှာ ဖြစ်ပါတယ်။ 

ဘဏ်ကနေ အရေးကြီး ငွေလွှဲတာ၊ ပေးချေတာတွေ ရှိရင် ဒီအချိန်တွေ မတိုင်ခင် ကြိုတင်လုပ်ထားဖို့ကို ဘန်ကောက်ဘဏ်ကနေ သတိပေးထားပါတယ်။ အသေးစိတ် အချက်အလက်တွေကို သိချင်ရင်တော့ ဘန်ကောက်ဘဏ်ရဲ့ www.bangkokbank.com မှာ ဝင်ရောက် ကြည့်ရှူ့နိုင်ပါတယ်။ 

Share.
Leave A Reply

Exit mobile version