နခွန်နာယို့ခ်ခရိုင်၊ ဘန်နာမြို့နယ်မှာ အသက် ၇၉ နှစ်အရွယ် အဖွားအိုတစ်ဦးဟာ လူငယ်တွေနဲ့ မြန်မာအလုပ်သမားတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတယ်ဆိုတဲ့ သတင်းကြောင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး အထူးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိသိရပါတယ်။

အဖမ်းခံရသူ အဖွားပင်မ်ဟာ ၁၀၀ ဘတ်နဲ့ စိတ်ကြွဆေးပြား ၃ ပြားကို ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဟာ သက်သေအဖြစ် အသုံးပြုခဲ့တဲ့ ၁၀၀ ဘတ်တန် ငွေစက္ကူနဲ့အတူ အဖွားပင်မ်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ဇစ်အိတ်ထဲမှာ ထည့်ထားတဲ့ WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၄ ပြားကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဖွားအိုကတော့ ဒီဆေးပြားတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့သားရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ စုစုပေါင်း စိတ်ကြွဆေးပြား ၇ ပြားနဲ့ ငွေစက္ကူ ၁၀၀ ဘတ်တို့ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပြီး အဖွားပင်မ်ကို ဘန်နာရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ch7 သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version