အိမ်မွေးတိများ ရွေ့ပြောင်းသယ်ယူခွင့်မရှိ

ဘန်ကောက်မြို့၊ နောင်ချော့ခရိုင်မှာ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့တာကြောင့် ဒေသ ၁ မွေးမြူရေးရုံးက နေရာ ၇ ခုကို ရက် ၃၀ ကြာ ခွေးရူးပြန်ရောဂါ ယာယီ ကူးစက်မြေ အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီကာလအတွင်း တိရစ္ဆာန်တွေကို ရွှေ့ပြောင်း သယ်ယူခွင့်မရှိဘဲ ခွင့်ပြုချက်ရှိမှသာ သယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒေသ ၁ မွေးမြူရေးအရာရှိ မစ္စတာ ဆာရမ်းက စက်တင်ဘာ ၁၇ ရက်နေ့မှာ ကြေညာခဲ့တာဖြစဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ကူးစက်မြေဧရိယာ

နောင်ချော့ခရိုင်၊ ခေါ့ဖက်ဒေသအပါအဝင် ပတ်ဝန်းကျင် ၅ ကီလိုမီတာ ပတ်လည်ကို ကူးစက်မြေအဖြစ် သတ်မှတ်ထားပါတယ်။

  • မြောက်ဘက်တွင် နောင်ချော့ခရိုင်၊ ကူဖန်နူရပ်ကွက်။
  • တောင်ဘက်တွင်လက်ကရဘန်းခရိုင်၊ လမ်ပလာထီရူ၊ သ(ပ်)ရောင်း ၊ လမ်ဖက်ချီးရပ်ကွက်။
  • အရှေ့ဘက်တွင် နောင်ချော့ခရိုင်၊ ကရာထွန်ရိုင်ရပ်ကွက်။
  • အနောက်ဘက်တွင် မင်ဘူရီခရိုင်၊ စန်စက်ရပ်ကွက်။

ပြည်သူလူထု သတိပြုရန်

  • ကူးစက်မြေဧရိယာအတွင်းရှိ လမ်းဘေးတိရစ္ဆာန်များကို လုံးဝမထိတွေ့ပါနဲ့။
  • ခွေး သို့မဟုတ် သေဆုံးနေတဲ့ တိရစ္ဆာန်တွေကို ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းခြင်း မပြုရ။
  • ဖျားနာနေတဲ့ ဒါမှမဟုတ် သေဆုံးနေတဲ့ တိရစ္ဆာန်ကို တွေ့ရှိပါက ၁၂ နာရီအတွင်း သက်ဆိုင်ရာဌာနကို အကြောင်းကြားပါ။

ခွေးရူးပြန်ရောဂါ ကာကွယ်ခြင်း

  • တိရစ္ဆာန်ကိုက်ခံရပါက ဆပ်ပြာဖြင့် သေချာဆေးကြောပြီး ချက်ချင်းဆေးရုံသွားကာ ကာကွယ်ဆေးထိုးပါ။
  • ခွေးရူးပြန်ရောဂါ သံသယရှိတဲ့ တိရစ္ဆာန်တွေကို (ဥပမာ- ဂနာမငြိမ်ဖြစ်ခြင်း၊ မြင်သမျှကို ကိုက်ခြင်း၊ အမြှုပ်ထွက်ခြင်း) စတာမျိုးတွေကို တွေ့ရှိပါက ခွေးထိန်းချုပ်ရေးအဖွဲ့ (Prawet) ရဲ့ ဖုန်းနံပါတ် 02-328-7460 နဲ့ 02-328-7355 ကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

ဒီအချက်အလက်တွေက ဘေးအန္တရာယ်ကင်းဖို့အတွက် အရေးကြီးတဲ့အတွက် သတိထားပြီး လိုက်နာကြဖို့ တိုက်တွန်းထားကြောင်း Thai pbs သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version