ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စုခမ်ဗစ် (၁) ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄၃ ဦးဟာ လုပ်ခလစာ နှစ်လစာ နဲ့ စာရွက်စာတမ်းတွေ မရရှိတာကြောင့် အခတ်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ် ။ 

အဆိုပါ လုပ်ငန်းခွင်မှာ ၂ နှစ်မှ ၆ နှစ်အထိ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ MOU ၊ CI ၊ဘတ်သစ် ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား ၄၃ ဦးဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ လုပ်ခလစာများကို အလုပ်ရှင်က ပေးချေခြင်းမရှိဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ 

လုပ်သားများအနေနဲ့ ရရှိမယ့် လုပ်ခလစာမှာ တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၁၀ သိန်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်ရှင်က လုပ်သားတွေရဲ့ ကိုယ်ရေးစာရွက်စာတမ်းတွေဖြစ်တဲ့ MOU ၊ CI စာအုပ်တွေ  ကိုလည်း သိမ်းဆည်းထားပြီး စာအုပ်သက်တမ်းတိုးဖို့ ငွေသွင်းပြီးပေမယ့် စာအုပ်တွေကို ပြန်မပေးဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် လုပ်ခလစာနဲ့ စာရွက်စာတမ်းတွေပြန်လည်ရရှိရန်အတွက် လုပ်သားများက WAG အဖွဲ့ထံ အကူအညီတောင်းခံကာ အမှုဖွင့်ခဲ့ရတယ်လို့ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version