ဘတ် ၃ သန်းကျော်ဖိုး သိမ်းဆည်းရမိ
ထိုင်းနိုင်ငံမှာ တရားမဝင် e-cigarette စက်ရုံတစ်ရုံကို ရဲက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အဲ့ဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဒီစက်ရုံက ဘန်ကောက်မြို့က ဂိုဒေါင်တစ်ခုကို ပြောင်းလဲပြီး ဖွင့်ထားတာပါ။ ရဲတွေက ဒီနေရာကနေ e-cigarette အခုပေါင်း ၆၀,၀၀၀ ကျော်နဲ့ စက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးက ဘတ် ၃ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကတော့ အလုပ်ရှင်က တရုတ်နိုင်ငံကဖြစ်ပြီး ဒီစက်ရုံကို လာကြီးကြပ်ပေးဖို့ ခန့်အပ်ထားတာလို့ ထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်လကို ဘတ် ၅၀,၀၀၀ စီ လစာရကြတယ်လို့လည်း ပြောပါတယ်။
ဒီစက်ရုံကို စုံစမ်းတွေ့ရှိခဲ့တာကတော့ ဘန်ကောက်မှာ e-cigarette ၇,၀၀၀ သိမ်းဆည်းရမိခဲ့တဲ့ အမှုကနေ စတင်ခဲ့တာပါ။ အခုချိန်မှာတော့ ရဲတွေဟာ တရားမဝင်ကုန်ပစ္စည်းတွေ ထုတ်လုပ်၊ သိုလှောင်တဲ့ တခြားသူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ Thaiger သတင်းအရ သိရပါတယ်။