ထိုင်းနိုင်ငံ ဗဟိုဘဏ် (Bank of Thailand) က ငွေကြေးလိမ်လည်မှုတွေ တားဆီးဖို့အတွက် မိုဘိုင်းဘဏ်စနစ်အသုံးပြုသူတွေကို အန္တရာယ်ရှိနိုင်တဲ့ အုပ်စုအလိုက် ခွဲခြားပြီး နေ့စဉ် ငွေလွှဲကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်ပါတယ်။

အုပ်စုခွဲခြင်း

  • အသက် ၁၅ နှစ်အောက် ကလေးများနှင့် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို လိမ်လည်ခံရနိုင်ခြေများတဲ့ အုပ်စု အဖြစ် သတ်မှတ်ပါတယ်။ ဒီအုပ်စုတွေအတွက် နေ့စဉ် ငွေလွှဲကန့်သတ်ချက်ကို ဘတ် ၅၀,၀၀၀ သတ်မှတ်ထားပါတယ်။

ကန့်သတ်ချက်အဆင့်များ

  • ဘတ် ၅၀,၀၀၀ အောက် ( အဆင့် S ) 
  • ဘတ် ၂၀၀,၀၀၀ အောက် ( အဆင့် M ) 
  • ဘတ် ၂၀၀,၀၀၀ အထက် ( အဆင့် L )

 ရည်ရွယ်ချက်

ပြီးခဲ့တဲ့ ဇွန်လတစ်လတည်းမှာတင် ငွေလိမ်လည်မှုကြောင့် ဘတ် ၂.၈ ဘီလီယံ ဆုံးရှုံးခဲ့တာကြောင့် ဒီအစီအမံကို ချမှတ်တာဖြစ်ပါတယ်။ငွေလိမ်လည်ခံရတဲ့ အမှုတွေထဲက ဘတ် ၅၀,၀၀၀ အထက် ငွေလွှဲပြောင်းမှုတွေဟာ စုစုပေါင်းဆုံးရှုံးမှုရဲ့ ၇၆% အထိ ရှိနေပါတယ်။

အကျိုးသက်ရောက်မှု

ဒီစနစ်ဟာ မိုဘိုင်းဘဏ်အသစ်လျှောက်ထားသူတွေအတွက် ချက်ချင်းအကျုံးဝင်မှာဖြစ်ပြီး လက်ရှိသုံးစွဲသူတွေကတော့ ဒီနှစ်ကုန်မှာ အဆင့်လိုက် လိုက်နာရမှာဖြစ်ပါတယ်။ ဘဏ်တွေဟာ သုံးစွဲသူရဲ့ ငွေကြေးအလေ့အထကို ကြည့်ပြီး လိုအပ်သလို ကန့်သတ်ချက်တွေ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ငွေလွှဲလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေတဲ့ သုံးစွဲသူတွေအတွက်တော့ အပြောင်းအလဲမရှိဘဲ ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး ပိုမိုများပြားတဲ့ ငွေလွှဲပမာဏကို လိုချင်ရင်တော့ သက်ဆိုင်ရာဘဏ်ကို အဆင့်မြှင့်တင်ဖို့ တောင်းဆိုနိုင်တယ်လို့ Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version