ဒီကနေ့ နံနက်ပိုင်း ၁၁ နာရီခွဲခန့်က ကန်ချနာပူရီပြည်နယ်၊ သောင်ဖာပွန်ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေထဲ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

တရားမဝင်လုပ်သားတွေကို သယ်ယူပို့ဆောင်တဲ့ယာဉ်တွေ ဖြတ်သန်းသွားလာနေကြောင်း သတင်းရရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်နေစဉ် သံသယဖြစ်ဖွယ် ဗင်ကားနှစ်စီးကို တွေ့ရှိခဲ့တာကြောင့် ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့ရာ ယာဉ်မောင်းတွေက အရှိန်မြှင့်ကာ မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက လိုက်လံပိတ်ဆို့ခဲ့ပြီးနောက် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးလုံးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေကို စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ပြည်နယ်များတွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ မြန်မာလုပ်သားတွေဟာ ဆန်ခလာဘူရီခရိုင်မှ လှေနဲ့ဖြတ်သန်းပြီး သောင်ဖာပွန်ခရိုင်သို့ ရောက်ရှိလာခဲ့ကာ ထိုနေရာမှတစ်ဆင့် ကန်ချနာပူရီမြို့သို့ သွားရောက်ရန် စီစဉ်ထားခဲ့တယ်လို့ ပြောပါတယ်။ လမ်းခရီးစရိတ်အတွက် ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ် ၁၃,၀၀၀ မှ ၁၅,၀၀၀ ကြား ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။ 

ြလက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာ သောင်ဖာပွန်ရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယမန်နေ့ကလဲ မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီရက်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား ရာနဲ့ချီ ရှိလာတာ ဖြစ်ပါတယ်။ 

သတင်း – ชารเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version