ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝမ်ထရာ ရဲ့ ရာထူးကိစ္စကို အခြေခံဥပဒေခုံရုံးက ဒီကနေ့သောကြာနေ့မှာ အပြီးသတ်ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ 

ပြောဆိုခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုနဲ့ အတူ ဝန်ကြီးချုပ်ကို တာဝန်က ယာယီရပ်စဲထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ပြင်းထန်စွာ ချိုးဖောက်တယ်ဆိုပြီး သူမကို စွပ်စွဲထားပြီး အသံဖိုင်ထဲမှာ ထိုင်းစစ်တပ်ကို ရန်သူအဖြစ် သတ်မှတ်ပြောဆိုခဲ့တဲ့အတွက် အခုလို အရေးယူခံရတာ ဖြစ်ပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က သူမကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဝန်ကြီးချုပ်ရာထူး ဆုံးရှုံးရမှာဖြစ်ပြီး လက်ရှိ အစိုးရအဖွဲ့တစ်ခုလုံးလည်း ရာထူးကနေ ဆင်းပေးရမှာပါ။ အခြေခံဥပဒေ တရားရုံးက တရားသူကြီး ၉ ဦးက ဒီအမှုကို ဆုံးဖြတ်ပေးကြမှာ ဖြစ်ပါတယ်. 

နိုင်ငံရေးပညာရှင်တွေကတော့ သူမဟာ ရာထူးကနေ ထွက်ရဖို့ အလားအလာ နည်းပါးတယ်လို့ သုံးသပ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ “ပြင်းထန်တဲ့ ကျင့်ဝတ်ချိုးဖောက်မှု” ဆိုတဲ့ စကားလုံးက တိကျတဲ့ အဓိပ္ပာယ်မရှိဘဲ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်သာ မူတည်နေလို့ဖြစ်တယ်လို့ Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version