စကဲဝ်ခရိုင်၊ အရာညပရာထဲမြို့နယ်ရှိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ အလုပ်ရှာဖွေဖို့ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ၂၁ ဦးပါဝင်တဲ့ အဖွဲ့ နှစ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ပထမအဖွဲ့မှာ ကြံခင်းထဲမှာ ပုန်းအောင်းနေတဲ့က ကမ္ဘောဒီးယားနိုင်ငံသား ၉ ဦးဖြစ်ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အဆင်မပြေတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ထိုင်းနိုင်ငံထဲက Rong Kluea ဈေးမှာ အလုပ်လုပ်ဖို့ ဝင်လာရင်း ဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။ ထွက်ဆိုချက်အရ သူတို့ဟာ လမ်းပြကို တစ်ဦးလျှင် ဘတ် ၄,၀၀၀ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီမနက်မှာပဲ အဲဒီနေရာအနီးနားက သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာတဲ့ နောက်ထပ်အဖွဲ့တစ်ခုကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဒီအဖွဲ့မှာတော့ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၂ ဦး ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံကိုဖြတ်ပြီး ကမ္ဘောဒီးယားကို သွားဖို့ ကြိုးစားနေတာလို့ သိရပါတယ်။ သူတို့ရဲ့ ခရီးစရိတ်အားလုံးကို ပွဲစားတစ်ဦးက စီစဉ်ပေးခဲ့တာ လို့ ဆိုပါတယ်။ 

ဖမ်းမိတဲ့ နိုင်ငံခြားသား ၂၁ ဦးစလုံးကိုတော့ Ranger Company ၁၂၀၄ အခြေစိုက်စခန်းကို ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ဖို့အတွက် စကဲဝ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို့ MGR သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version