အလုပ်သမားလက်မှတ် (Work Permit) သက်တမ်းတိုးလိုသူများအတွက် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်တဲ့ ဝက်ဘ်ဆိုက်ကို ယနေ့ သြဂုတ် ၇ ရက်၊ နေ့လည် ၁ နာရီခွဲ မှစပြီး ဖွင့်မယ်လို့ သိရပါတယ်။ အရင်လို ရုံးကိုကိုယ်တိုင်သွားစရာမလိုတော့ဘဲ မိမိတို့ရဲ့အလုပ်သမားလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့် လွယ်လွယ်ကူကူ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်စေမှာပါ။

သက်တမ်းတိုးဖို့အတွက် အောက်ပါဝက်ဘ်ဆိုက်ကို ဝင်ရောက်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်လိပ်စာ: https://mworkpermit.doe.go.th/ 

ဒါ့ကြောင့် အလုပ်သမားလက်မှတ်သက်တမ်းတိုးဖို့ လိုအပ်သူတွေအနေနဲ့ ဒီအွန်လိုင်းစနစ်အသစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

“ဝေါ့ပါမစ်သက်တမ်းတိုးမယ့်သူတွေအတွက် အွန်လိုင်းဝက်ဘ်ဆိုက်ကို ဖွင့်ပေးလိုက်တာပါ။ လတ်တလောမှာတော့ဝင်လို့မရသေးဘူး။ ဒီနေ့က ဝက်ဘ်ဆိုက်ဖွင့်ဖွင့်ချင်းဆိုတော့ မနက်ဖြန်လောက်မှ သေချာလုပ်လို့ရမယ်ထင်တယ်” လို့ အကျိုးဆောင်တစ်ဦးက ပြောပြပါတယ်။ 

Share.
Leave A Reply

Exit mobile version