ထိုင်းနိုင်ငံသားတွေ မပျော်မရွှင် ဖြစ်နေကြရမှု အခြေအနေ ပိုပြီး ဆိုးရွားလာတယ်လို့ အစီခံစာ တခုကဆိုပါတယ်။ မပျော်ရွှင်ဆုံး အသက်အရွယ်တွေက အသက် အသက် ၄၉ ကနေ ၅၉ ကြား လူကြီးအုပ်စုတွေပါ။
Thai Health Promotion Foundation နဲ့ Mahidol တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ ဒီအစံရင်ခံစာက အဲလို ဖော်ပြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားပေါင်း ၁၃ သန်းကျော်က စိတ်ကျန်းမာရေးနဲ့ ဆက်နွယ်တဲ့ ပြဿနာ တခုမဟုတ်တခုကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေကြရကြောင်း ညွှန်းကိန်း ၁၀ ခုနဲ့ ဖော်ပြထားပြီး ဒီထဲမှာ အပေါ်ကပြောတဲ့ သက်ကြီးပိုင်းရောက်တော့မယ့် အုပ်စုက ပျော်ရွှင်နိုင်မှု အနည်းဆုံး ဖြစ်နေကြပါတယ်။
လူငယ်တွေလည်း မပျော်ရွှင်ကြဘူးလို့ အစီရင်ခံစာက ပြောပါတယ်။ အသက် ၁၅ ကနေ ၂၉ နှစ်ကြား လူငယ်တွေဟာ လူမှုရေးကိစ္စတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ခေတ်နဲ့အမီ လိုက်နိုင်ဖို့တွေ စတဲ့ ဖိအားတွေကြောင့် စိတ်ဖိစီးမှု ဖြစ်နေကြတာပါ။ အဲဒါတွေကြောင့် စိုးရိမ်ပူပန်မှု၊ ဖိစီးမှု၊ သောကတွေ ခံစားကြရပြီး သတ်သေဖို့အတွေးတွေလည်း ဝင်မိကြတယ်လို့ ဆိုပါတယ်။
သတင်း – Bangkok Post