ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ရှိ ရှာဘူဆိုင်တစ်ဆိုင်မှာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူများမှာ လာအိုနိုင်ငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသူများ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိသူတွေထဲ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။  အချို့မှာ ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးခဲ့သည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့က ဆိုင်မန်နေဂျာကို တရားမဝင်အလုပ်သမား ခန့်ထားမှုဖြင့် အမှုဖွင့်ခဲ့ပြီး နိုင်ငံခြားသားအလုပ်သမား ၅ ဦးကို တော့ နေထိုင်ခွင့်ကာလကျော်လွန်ခြင်းနဲ့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကိုတော့ စုန်ခလာပြည်နယ်ရှိကလေးနှင့်မိသားစုစောင့်ရှောက်ရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ MGR သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version