ကမ္ဘောဒီးယားဝန်ကြီးချုပ်က အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ အမိန့်ထုတ်ပြန်ပြီး နှစ်ရက်အတွင်း သံသယရှိသူ ၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲ မြန်မာလူမျိုးတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။ 

သတင်းအရ ဇူလိုင် ၁၆ ရက်နေ့မှာ ၇၄၆ ဦးကို ထိန်းသိမ်းခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံသား ၆၃ ဦးကို ဖမ်းဆီးထားတာကြောင့် စုစုပေါင်း ၈၀၉ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖနွမ်းပင်မှာ ထိုင်ဝမ်၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံသားအပါအဝင် ၁၀၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘန်တေမီချီပြည်နယ်၊ ပွိုင်ပက်မြို့မှာတော့ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသမီး ၄၅ ဦး အပါအဝင် ၂၇၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ကရားတီပြည်နယ်မှာလည်း ဗီယက်နမ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့က နိုင်ငံခြားသား ၃၁၂ ဦး ဖမ်းမိခဲ့ပြီး ကမ်ပုံးစပူးခရိုင်မှာတော့ တရုတ်နိုင်ငံသား အများစုပါဝင်တဲ့ ၆၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးမှုတွေအတွင်း ကွန်ပျူတာ၊ ဖုန်းနဲ့ အခြားအွန်လိုင်းလိမ်လည်မှုတွေမှာ သုံးတဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူဖို့ ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားပြီး နည်းပညာအခြေပြု လိမ်လည်မှုတွေရဲ့ ကြိုးကိုင်သူတွေကို အပြင်းထန်ဆုံး ဥပဒေအရ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

သတင်း – thephnompenhpost

Share.
Leave A Reply

Exit mobile version