ချင်းမိုင်မြို့ထဲက မြန်မာဈေးတစ်ခုထဲမှာ မြန်မာနိုင်ငံသားတွေ အများအပြား နေထိုင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဈေးထဲမှာ မြန်မာအလုပ်သမား အများအပြား တွေ့ရတာကြောင့် လုပ်ငန်းလိုင်စင်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေကို စစ်ဆေးခဲ့ရာမှ အလုပ်ရှင် ၃ ဦး နဲ့ အလုပ်သမား ၃ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးရာမှာတော့ ၎င်းဈေးထဲမှာ မြန်မာရောင်းသူ ဝယ်သူတွေနဲ့ မြန်မာအစားအသောက်၊ လူသုံးကုန်ပစ္စည်းတွေရောင်းချကာ လုပ်ငန်းလုပ်ကိုင်နေသူတွေကိုတွေ့ရှိခဲ့ကြပြီး အလုပ်သမားများအနက် အလုပ်ရှင် ၃ ဦး ကိုတော့ နိုင်ငံခြားသားလုပ်သားတွေကို ခွင့်ပြုမရှိ ခန့်ထားခြင်း
နဲ့ အလုပ်သမား ၃ ဦး ကိုတော့ တရားဝင်အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ သို့မဟုတ် ခွင့်ပြုထားတဲ့အလုပ်ထက် ကျော်လွန်အလုပ်လုပ်ခြင်းများကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၆ ဦးစလုံးကို Chang Phueak ရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။
သတင်း – เสพข่าวเชียงใหม่