ဘန်ကောက် ဒါမှမဟုတ် ကိုယ်နေထိုင်တဲ့ ဒေသမှာ ဟိုနားဒီနားသွားဖို့ ဆိုင်ကယ် ကယ်ရီစီးရတော့မယ် ဆိုပါစို့။ grab မဟုတ်ဘဲ လမ်းထိပ်က ကယ်ရီတွေ စီးတဲ့အခါ ဈေးနှုန်းက ပုံသေမဟုတ်တာမျိုး ဈေးက များနေလားဆိုပြီး တွေးမိတတ်ကြမှာပါ။ အခုပြောမယ့် အချက်တွေသိထားရင် ကယ်ရီဈေးနှုန်း များ၊ မများ သတိထားလို့ ပါပြီ။ 

တရားဝင် သတ်မှတ်ထားတဲ့ ကယ်ရီခတွေက ဘယ်လိုလဲ

  • ပထမဆုံး ၂ ကီလိုမီတာ အတွက် အများဆုံး ၂၅ ဘတ် ပေးရပါတယ်။
  • ၂ ကီလိုမီတာကျော်ပြီး ၅ ကီလိုမီတာအထိ ဆိုရင်တော့ ပထမ ၂ ကီလိုမီတာကို ၂၅ ဘတ် ပေးရပြီး ကျန်တဲ့ ကီလိုမီတာတွေအတွက် တစ်ကီလိုမီတာကို အများဆုံး ၅ ဘတ် ပေးရပါတယ်။
  • ၅ ကီလိုမီတာကနေ ၁၅ ကီလိုမီတာအထိ ဆိုရင် တစ်ကီလိုမီတာကို အများဆုံး ၁၀ ဘတ် ပေးရပါတယ်။
  • ၁၅ ကီလိုမီတာကျော်သွားရင်တော့ ယာဉ်မောင်းနဲ့ ခရီးသည်တို့ သဘောတူတဲ့ ဈေး အတိုင်း ပေးချေရပါတယ်။
  • တစ်ကယ်လို့ ခရီးမစခင် ဈေးနှုန်းသဘောမတူညီရသေးရင်တော့ တစ်ကီလိုမီတာကို ၁၀ ဘတ်ထက် မကျော်ရပါဘူး။

ကယ်ရီခကို အနီးစပ်ဆုံး ဘယ်လို တွက်မလဲ

CheckVin လို အက်ပ်တွေ ဒါမှမဟုတ် Grab ကနေ ခန့်မှန်းခြေ ဈေးနှုန်းကို ကြိုကြည့်ပြီး တွက်ချက်နိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့ ခရိုင်တူအတွင်း ခရီးတိုလေးတွေဆိုရင် ၂၀ ကနေ ၄၀ ဘတ် လောက်ကျသင့်ပြီး၊ ခရိုင်ကျော် ခရီးရှည်တွေဆိုရင်တော့ အကွာအဝေးနဲ့ ယာဉ်ကြောပိတ်ဆို့မှုအပေါ် မူတည်ပြီး ၅၀ ကနေ ၁၀၀ ဘတ် လောက်အထိ ရှိနိုင်ပါတယ်။

ဈေးပိုတောင်းခံရရင် ဘာလုပ်မလဲ

ကယ်ရီစီးရင်း ဈေးပိုတောင်းခံရတာ ဒါမှမဟုတ် မတရားဆက်ဆံခံရတယ်လို့ ခံစားရရင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန hotline နံပါတ် ၁၅၈၄ ကိုဆက်သွယ်ပြီး တိုင်ကြားနိုင်ပါတယ်။ ဈေးပိုတောင်းတာက ဥပဒေအရ ပြစ်မှုမြောက်ပြီး ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။ ထပ်ခါတလဲလဲ ဈေးပိုတောင်းတာမျိုးဆိုရင် ယာဉ်မောင်းရဲ့ လိုင်စင်ကိုပါ သိမ်းခံရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဘန်ကောက်မှာ ကယ်ရီစီးတဲ့အခါ ဈေးနှုန်းကို မစီးခင် ကြိုမေးတာ၊ ဂိတ်မှာရှိတဲ့ ဈေးနှုန်းစာရင်းကို ကြည့်တာ ဒါမှမဟုတ် ဖုန်းအက်ပ်တွေနဲ့ တွက်ချက်တာမျိုး လုပ်သင့်ပါတယ်။ ပြဿနာရှိရင်လည်း တိုင်ကြားဖို့ မကြောက်ပါနဲ့နော်။ 

Ref : bangkokpost

Share.
Leave A Reply

Exit mobile version