တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ယခုရက်ပိုင်း အထောက်အထား မရှိသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မှာ  မြန်မာနိုင်ငံသား ၄ ဦးကို အထောက်အထားမရှိတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်ကြောင်း လူမှုဝင်ကြီးကြပ်ရေးသတင်းက ဖော်ပြထားပါတယ်။  

ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၅၂ နှစ်အရွယ်အမျိုးသား ၁ ဦး ၊ ၂၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၂၉ နှစ်အရွယ် အမျိုးသား ၁ ဦးတို့  ပါဝင်ပါတယ်။အများစုဟာ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်းနဲ့ အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ သို့မဟုတ် ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားကို ကျော်လွန် အလုပ်လုပ်ခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးမှုတွေက မဲဆောက်မြို့နယ်က ကုန်စုံဆိုင်တစ်ခုနဲ့ မီးပွိုင့်အနီးမှာ ဖြစ်ခဲ့တာပါ။ ဖမ်းဆီးခံရသူအားလုံးကို နှိပ်စက်ညှင်းပန်းမှု တားဆီးကာကွယ်ရေး ဥပဒေအရ ဆောင်ရွက်ပြီး မဲဆောက်မြို့နယ် ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

ထိုင်းအတိုက်အခံပါတီ လွှတ်တော်အမတ ဝီရော့ကလည်း မဲဆောက်မှာ ရဲတွေဥ ရွှေ့ပြေင်းလုပ်သားတွေ အပေါ် ငွေညှစ်မှု အုပ်စုလိုက် ဒုစရိုက်ကျူးလွန်မှု၊ အကျင့်ပျက် ခြစားမှုတွေ ရှိနေတယ်လို့ ပြောထားပြီး၊ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်အပြီး နောက်ရက်တွေမှာပဲ မဲဆောက်မှာ လူဖမ်းတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ 

Share.
Leave A Reply

Exit mobile version