ထိုင်းမှာ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးထားသူတွေနဲ့  ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ကာလ ၆ လထပ်မံ တိုးပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက ပြောကြားလိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးစောင့်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် တရားဝင်နေထိုင်ခွင့်ကို သြဂုတ် ၁၃ ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ 

အဲ့ဒီကာလအတွင်း မြန်မာဘက်ကနေ

  • ကိုယ်ရေးအချက်အလက်အတည်ပြုခြင်း
  • ကိုယ်ပိုင်အထောက်အထား (CI) ထုတ်ပေးခြင်း
  • MoU လုပ်ငန်းစဉ် ပြီးမြောက်အောင် ဆောင်ရွက်ခြင်း

စတာတွေ ပြုလုပ်ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှု၊ လှုပ်ရှားမှုတွေနဲ့ ငလျင်သဘာဝဘေးအန္တရာယ်တွေကြောင့် အဲ့ဒီလုပ်ငန်းစဉ်ကို လက်ရှိအချိန်ထိ မပြုလုပ်နိုင်သေးတာဖြစ်တယ်လို့ ထိုင်းဘက်ကဝန်ကြီးက ရှင်းပြထားပါတယ်။ 

မြန်မာနိုင်ငံဘက်က ဇူလိုင် ၁၅ ရက်နေ့မှာစပြီး လုပ်ငန်းဆောင်ရွက်ဖို့အဆင်သင့်ဖြစ်နေပြီလို့ အကြောင်းကြားထားပေမယ့် သက်တမ်းကုန်ချိန်ဖြစ်တဲ့ သြဂုတ် ၁၃ ရက်နေ့အတွင်း လုပ်ငန်းစဉ်တွေပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ အချိန်မလုံလောက်တာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ထပ်တိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

ဒီလို ထပ်တိုးပေးလိုက်တဲ့အတွက် ပန်းရောင်ကတ်ကိုင်ထားတဲ့ မြန်မာလုပ်သားတွေနဲ့ ပါမစ်သက်တမ်းတိုးထားသူတွေဟာ စာရွက်စာတမ်းတွေ အပြည့်အစုံ မရသေးရင်တောင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ထိုင်းမှာ တရားဝင် နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

သတင်း – matichon 

Share.
Leave A Reply

Exit mobile version