ချန်ဖွန် အမြန်လမ်းမကြီးပေါ်မှာ ရဲတပ်ဖွဲ့က မသင်္ကာစရာ ခရီးသည်တင်ဘက်စ်ကားတစ်စီးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ တရားမဝင်မြန်မာလုပ်သား ၄၆ ဦးအား ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါဘတ်စ်ကားဟာ စစ်ဆေးဖို့ ခေါ်ထားချိန်မှာ အရှိန်မြှင့်ပြီး မောင်းထွက်သွားတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးရာမှ အခုလို ဖမ်းမိခဲ့တာဖြစ်ပါတယ်။စစ်ဆေးချိန်မှာ မြန်မာနိုင်ငံသား ၄၆ ဦးကို ခရီးသည်ထိုင်ခုံနောက်က နေရာလွတ်မှာ လျို့ဝှက်သယ်ဆောင်လာတာကို တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ တရားဝင် အထောက်အထားတွေလဲ မရှိဘူးလို့ ဆိုပါတယ်။ 

ယာဉ်မောင်းအနေနဲ့ စမွတ်စခွန်မှ စမွတ်ဆွန်ခရမ်သို့ အလုပ်သမားများ ပို့ဆောင်ရန် အတွက် ၎င်းအား အမည်မသိ ပွဲစားမှ ငှါးရမ်းထားတာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ယာဉ်မောင်းကို တရားမ၀င် အလုပ်သမားတွေကို ဖုံးကွယ်ပေးမှု နဲ့ ကူညီ သယ်ဆောင်ပေးမှုဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုကာ စုံစမ်းရေးမှူးထံ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

သတင်း – highwaypolice 

Share.
Leave A Reply

Exit mobile version