ဘန်ကောက်မှာ အနိမ့်ဆုံး လုပ်ခလစာ ဘတ် ၄၀၀ ပေးဖို့ သတ်မှတ်ခြင်းဟာ မျှတမှု မရှိဘဲ တစ်နိုင်ငံလုံးက အလုပ်သမားအားလုံး ဒီ အနိမ့်ဆုံးလစာကို ခံစားခွင့် ရရှိသင့်တယ်လို့ ထိုင်းပြည််််သူ့ပါတီ (People’s Party) က တောင်းဆိုလိုက်ပါတယ်။ ထိုင်းအလုပ်သမားညီညွတ်ရေး အဖွဲ့ချုပ်ကလည်း ဒီတောင်းဆိုချက်ကို ထောက်ခံထားပါတယ်။ 

သတင်းအရ အလုပ်သမားလစာကော်မတီက ဇွန် ၁၈ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့တဲ့ အဆိုပါလစာတိုးမှုဟာ ဇူလိုင် ၁ ရက်မှစတင်အသက်ဝင်မည်ဖြစ်ပြီး

  • ဘန်ကောက်မြို့တွင်လုပ်ကိုင်သည့်လုပ်ငန်းများ
  • အခန်း ၅၀ နဲ့အထက်ရှိ ဟိုတယ်များ ( သို့မဟုတ်) 2 star အထက်ရှိ ဟိုတယ်များ
  • ဖျော်ဖြေရေးလုပ်ငန်းများ (ကာရာအိုကေ၊ ဘား ၊ အရက်ဆိုင် ) တို့အတွက်သာ အကျုံးဝင်တာဖြစ်ပါတယ်။

“အနိမ့်ဆုံးလစာတိုးတာက သဘောတူပါတယ်။ ဒါပေမဲ့ တစ်ပြေးညီမဟုတ်ဘူးဆိုတာက မျှတမှု မရှိတဲ့အချက်ပါ။ ကုန်စျေးနှုန်းတွေက နိုင်ငံတစ်ဝန်း တူတူတက်လာနေကြပြီး အလုပ်သမားတိုင်းက တူတူကုန်ကျခံနေရပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး တူညီတဲ့လစာကပဲ ထိုက်တန်ပါတယ်” လို့ PP ပါတီအမတ် Mr Sia ကပြောပါတယ်။ 

ဒါ့အပြင် အရေးကြီးဆုံးကတော့ ဥပဒေအတိုင်း လုပ်ပေးမယ့်စနစ်အပြင်၊ မလိုက်နာတဲ့အလုပ်ရှင်တွေကို စနစ်တကျ စစ်ဆေးနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ တိုင်ကြားမှုအဖွဲ့အစည်းတွေ ရှိဖို့လိုတယ်လို့လဲ ဆိုပါတယ်။ အလုပ်သမားတွေအနေနဲ့  အခွင့်အရေးချိုးဖောက်ခံရရင် ရှိတဲ့အလုပ်ကို မဆုံးရှုံးချင်တာကြောင့် တိုင်ကြားဖို့ ကြောက်နေတာမျိုး၊ လက်ရှိစီးပွားရေးအခြေအနေကြောင့် အသစ်အလုပ်ရှာဖို့လည်း ခက်ခဲနေတာမျိုးတွေဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

သတင်း – bangkokpost

Share.
Leave A Reply

Exit mobile version