ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖွန်ခရိုင် က သစ်တောအတွင်းမှာ မြန်မာနိုင်ငံသား ၂၀ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။အမျိုးသား ၁၇ ဦး နဲ့အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၀ဦး ကို ဖမ်းဆီးမိခဲ့တာပါ။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းမှာ တရားမဝင်ဝင်လာမယ့် နိုင်ငံခြားသားတွေ ရှိတဲ့အကြောင်း ကြိုတင်သတင်းရရှိခဲ့တာကြောင့် ထိုင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေဟာ လမ်းမ ၃၂၃ ပေါ်မှာ စောင့်ကြည့်နေကြတာပါ။ ဇွန်လ ၁၉ ရက် မနက် ၆ နာရီအချိန်မှာ တောဘက်လမ်းကို လှည့်လည်စစ်ဆေးနေစဉ် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့အနေနဲ့ ထွက်ပြေးကြသော်လည်း အာဏာပိုင်တွေက ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ဆေးမေးမြန်းရာမှာတော့ အလုပ်သမားတွေဟာ ရန်ကုန်နဲ့ မန္တလေးကနေ ထွက်လာကြတာဖြစ်ပြီး နယ်စပ်လမ်းကြောင်းအတိုင်း ဆင်ခလာခရိုင်ကနေ ထိုင်းနိုင်ငံထဲဝင်လာကြတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို ဆက်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး တစ်ဦးလျှင် ကုန်ကျငွေ ၅၅,၀၀၀ ဘတ်ခန့် ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူအားလုံးကို ထောင်ဖာဖွန်ရဲစခန်းသို့ ပေးပို့ပြီး တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

သတင်း – ข่าวกาญจนบุรี ประชาชน เพื่อประชาชน

Share.
Leave A Reply

Exit mobile version