နွန်သဘူရီ ပြည်နယ်၊ ဘန်းယိုင်စျေးမှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအလုပ်သမားတွတွေကို စစ်ဆေးဖာမှာ မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဘန်းယိုင်စျေးဟာ ည ၁၀ နာရီမှ မနက် ၁၀ နာရီအထိ ဖွင့်တာဖြစ်ပြီး ဆိုင်ပေါင်း ၅၀၀ ကျော်ရှိကာ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားအများအပြားအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများတဲ့ နေရာတခု ဖြစ်ပါတယ်။ 

အလုပ်သမား ၄၀၀ ကျော်ရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးရာမှာ ၅ ရာခိုင်နှုန်းခန့်သာ တရားမဝင်အလုပ်သမားတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲ မြန်မာ ၁၅ ဦး၊ လာအို ၄ ဦး နဲ့ ဗီယက်နမ် ၁ ဦး တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေကို ဘန်းယိုင်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုတာတွေ ပြုလုပ်နေပြီး နေရပ်ပြန်ပို့မယ်လို့ သိရပါတယ်။ 

သတင်း : matichon 

Share.
Leave A Reply

Exit mobile version