ထိုင်းနိုင်ငံ ပတ္တရားမြို့ကို ပိုပြီး လုံခြုံဘေးကင်းစေဖို့အတွက် သံသယတရားခံတွေ၊ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ဒရုန်းတွေနဲ့ ကင်းထောက်ရှာဖွေတဲ့ အစီအစဉ်တစ်ခု စတင်တော့မယ်လို့ သိရပါတယ်။
ဗီဇာသက်တမ်း ကျော်လွန်ကာ တရားမဝင် နေထိုင်နေသူတွေ၊ ပြစ်မှုကျူးလွန်ထားလို့ အလိုရှိနေသူတွေကို AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ဒရုန်းတွေကတဆင့် ရှာဖွေမှာ ဖြစ်ပါတယ်။ လူအများအပြား စည်ကားတဲ့ ပွဲလမ်းအခမ်းအနားတွေမှာလည်း ဒီကင်းထောက်မှုတွေကို အသုံးပြုမယ်လို့ ပတ္တရားမြို့တော်ဝန်က ပြောပါတယ်။ “ဒီအစီအစဉ်က ပတ္တရားမြို့ရဲ့ လုံခြုံဘေးကင်းမှု နဲ့ ခရီးသွား၊ ဒေသခံတွေအတွက် နေချင်စဖွယ်ဆိုတဲ့ ဂုဏ်သတင်းကို ဆက်ပြီး အထောက်အကူပေးပါလိမ့်မယ်” လို့ မြို့တော်ဝန် ငါန်ဖိချက် က ပြောတာပါ။
ဒီစနစ်ဟာ ထိုင်းအာဏာပိုင်တွေမှာ ရှိတဲ့ ရာဇဝတ်ကျူးလွန်သူများရဲ့ အချက်အလက်ဌာနချုပ်နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပြီး လူအုပ်တွေထဲက အလိုရှိသူတွေကို AI နည်းပညာသုံးထားတဲ့ ဒရုန်းတွေနဲ့ ရှာဖွေမှာ ဖြစ်ပါတယ်။ မှတ်တမ်းရှိထားသူတွေသာမက မသင်္ကာဖွယ် အပြုအမူတွေ ရှိခဲ့ရင်လည်း ဒီဒရုန်းတွေက အချိန်နဲ့ တပြေးညီ အချက်ပြနိုင်မှာ ဖြစ်ပါတယ်။
သတင်း – Thaiger