တရုတ်နိုင်ငံက အာဆီယံ ၁၀ နိုင်ငံ နဲ့ တီမောလက်စတေးအပါအဝင် ၁၁ နိုင်ငံအတွက် “အာဆီယံဗီဇာ”ကို ဇွန်လထဲမှာ စတင်မိတ်ဆက်ထားပါတယ်။ အာဆီယံ ဒေသတွင်းက လုပ်ငန်းရှင်တွေအတွက် အဓိက ခွင့်ပြုပေးသွားမယ့် ဒီဗီဇာဟာ ငါးနှစ်အထိ အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်မှာ ဖြစ်ပါတယ်။

ဘယ်သူတွေအတွက်လဲ၊ ဘာတွေ ခွင့်ပြုထားလဲ 

အဓိကအနေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဗီဇာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ တစ်ကြိမ်ကို နိုင်ငံတွင်းမှာ ရက်ပေါင်း ၁၈၀ အများဆုံး နေထိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဗီဇာသက်တမ်းက ငါးနှစ်အထိ ရှိမှာပါ။ 

ဘာကြောင့်ပေးတာလဲ

အာဆီယံဗီဇာမိတ်ဆက်တာဟာ “လူမှုဆက်သွယ်မှုများ ပိုမိုလွယ်ကူအောင် ဆောင်ရွက်လိုခြင်းဖြစ်ပြီး တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်များရဲ့ ပူးပေါင်းဆန္ဒဖြစ်တယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျမ်းကပြောပါတယ်။ “တရုတ်နဲ့ အာဆီယံ အနာဂတ်ကို အတူယှဉ်တွဲ ဝေမျှကြစို့” ဆိုတဲ့ ကတိကို တည်ဆောက်ဖို့ ဒီဗီဇာအစီအစဉ်ဟာ ကိုက်ညီတယ်လို့ တရုတ်ဘက်က ပြောထားပါတယ်။

လင်ကျမ်းက “တရုတ်အနေနဲ့ ဝင်ရောက်ခွင့်မူဝါဒတွေကို ဆက်လက်မြှင့်တင်ကာ ဗီဇာမလိုနိုင်ငံများ ပိုမိုချဲ့ထွင်သွားမယ့်အပြင် ဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူအောင်ပြုလုပ်သွားမယ်” လို့လဲ ဆိုပါတယ်။ 

သတင်း – gulfnews/CNA

Share.
Leave A Reply

Exit mobile version