လက်အုပ်ချီပြီးနှုတ်ဆက်တာကို ထိုင်းဘာသာစကားနဲ့ “ဝိုင်း” (Wai) လို့ ခေါ်ပါတယ်။ လက်အုပ်ချီပြီးတဲ့အခါမှာ “ဆဝါဒီခ” လို့ ပြောဆိုပြီး နှုတ်ဆက်ရပါတယ်။ ဒါက ချစ်ခင်လေးစား ယဉ်ကျေးမှုကို ပြသတာဖြစ်ပါတယ်။

 လုပ်ငန်းခွင်ကိုရောက်ရှိတဲ့အခါ ဒီလိုနှုတ်ဆက်ခြင်းနဲ့ တစ်ဦးပေါ်တစ်ဦးအလေးထားမှုကို ပြသရပါတယ်။ အကူအညီတစ်ခုရရှိပြီးတဲ့အခါ၊ ကျေးဇူးတင်စရာတစ်ခု ရှိတဲ့အခါ “ခေါခွန်ခ” လို့ ကျေးဇူးတင်ကြောင်း အမြဲပြန်လည်ပြောရပါတယ်။ 

ကိုယ်နှုတ်အမူအရာယဉ်ကျေးကောင်းမွန်တဲ့လူတစ်ယောက်အဖြစ် လုပ်ငန်းခွင်အတွင်း ထင်မြင်ခံရရင် သင့်အတွက် အလုပ်လုပ်ရတာ အများကြီးအဆင်ပြေစေပါတယ်။ယဉ်ကျေးမှု မရှိသူအဖြစ် အထင်မခံရအောင် ဒီအချက်တွေကို ဂရုစိုက်ရပါမယ်။

၁။ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စကားအကျယ်ကြီးပြောလေ့ရှိတာ၊ ဖုန်းအကျယ်ကြီးဖွင့်တာ၊ စပီကာဖွင့်တာတွေကို ရှောင်ရပါမယ်။ 

၂။ တခြားသူတစ်ယောက်ရဲ့ ဦးခေါင်းကိုထိတာ၊ ဦးခေါင်းကိုကျော်ပြီးပေးတာမျိုးတွေ မလုပ်ရပါဘူး။

၃။ တခြားသူတစ်ဦးကို လက်ညှိုး မထိုးရပါဘူး။ 

၄။လူနှစ်ဦးကြားဖြတ်တဲ့အခါ ခေါင်းငုံ့လျှောက်သွားရပါမယ်။

၅။အသက်ကြီးသူရှေ့ဖြတ်လျှောက်တဲ့အခါ ခေါင်းအနည်းငယ်ငုံ့ပြီး သွားရပါမယ်။

၆။ တစ်စုံတစ်ခုကို ခြေထောက်နဲ့ ညွှန်ပြတာမျိုးမလုပ်ရပါဘူး။ တစ်ခြားတစ်ယောက်ရဲ့ ခေါင်းရင်းဘက်မှာ ခြေထောက်တင်တာ၊ထားတာမျိုးမလုပ်ရပါဘူး။ 

Share.
Leave A Reply

Exit mobile version