အချက် ၅ ချက်က လွဲပြီး အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာနဲ့ အချိန်ပိုကြေးထဲကနေ အလုပ်ရှင်က နှုတ်ယူဖြတ်တောက်မှုတွေ လုပ်လို့မရပါဘူး။ ဒါပေမယ့် ဥပဒေအရ သတ်မှတ်ထားတဲ့ အချက် ၅ ချက်တော့ ရှိပါတယ်။

၁ ။ ဥပဒေအရ ပေးဆောင်စရာရှိတဲ့ ငွေကို ပေးဆောင်ခြင်း (သို့ )လုပ်ခလစာအရ ဝင်ငွေခွန် ပေးဆောင်ခြင်း

၂။အလုပ်သမားသမဂ္ဂရဲ့အဖွဲ့စည်းမျည်းတွေအရ အဖွဲ့လစဉ်ကြေးငွေ ပေးဆောင်ခြင်း

၃။စုပေါင်းငွေစုခြင်း နဲ့ ဒီလိုမျိုးစုပေါင်းငွေစုခြင်းတွေအတွက် ပေးရန်ကျန်ရှိတဲ့
ငွေ သို့ အလုပ်သမားရဲ့ ခွင့်ပြုချက်နဲ့ အလုပ်သမားဘက်မှ အကြွေး ဆပ်ငွေများကို ပေးဆောင်ခြင်း

၄ ရည်ရွယ်ချက်ရှိရှိ (သို့ )ဆိုးဆိုးဝါးဝါး ပေါ့ဆမှုကြောင့် အလုပ်ရှင်ရဲ့
ငွေကြေး၊ပိုင်ဆိုင်မှု ပျက်စီးတဲ့အခါ အလုပ်သမားမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်
အလုပ်သမားရဲ့ သဘောတူညီချက်နဲ့ အလုပ်ရှင်ကို လျှော်ကြေးငွေပေးဆောင်ရပါတယ်

၅။လစဉ်ဝင်ငွေစုဆောင်းမှုရန်ပုံငွေ (provident fund)နဲ့ပတ်သက်တဲ့ ထည့်ဝင်ငွေ ကိုပေးဆောာင်ခြင်းတို့ဖြစ်ပါတယ်

Ref: IOM Thailand/ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲ
https://thailand.iom.int/sites/g/files/tmzbdl1371/files/documents/Post-arrival%2520Orientation%2520Manual%2520for%2520Migrant%2520Workers%2520%2528Myanmar%2529.pdf

Share.
Leave A Reply

Exit mobile version