ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့ အထောက်အထားကတ်နဲ့ စာရွက်စာတမ်းတွေကို အလုပ်သမားရဲ့ ခွင့်ပြုချက်မပါဘဲ အလုပ်ရှင်က သိမ်းထားလို့မရပါဘူး။
အလုပ်ရှင်မှ မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်ကမှ အလုပ်သမားရဲ့ခွင့်ပြုချက်မပါဘဲ အလုပ်လုပ်ခွင့်လက်မှတ်တွေနဲ့ အထောက်အထားကတ်တွေကို သိမ်းဆည်းခွင့်မရှိပါဘူး။ တကယ်လို့ အလုပ်သမားရဲ့ခွင့်ပြုချက်နဲ့ သိမ်းထားမယ်ဆိုရင်လည်း အလုပ်သမားက ပြန်လည်တောင်းဆိုတဲ့အချိန်တိုင်းမှာ အသင့်ဖြစ်နေအောင် စီစဉ်ပေးထားရပါမယ်။
တကယ်လို့ ဒီစည်းကမ်းကိ ဖောက်ဖျက်ခဲ့မယ်ဆိုရင် ငွေဒဏ် ဘတ် တစ်သောင်းကနေ တစ်သိန်းထိ ရှိပါတယ်။ ထောင်ဒဏ်ဆိုရင် ၆ လထိ ချလို့ရတဲ့ ထောင်ဒဏ်ထိ ရှိပါတယ်။ ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ရတဲ့ထိ ထိုင်းဥပဒေမှာ သတ်မှတ်ထားပါတယ်။
အထက်ပါ အချက်အလက်ဟာ IOM(International Organization for Migration )ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်