ထိုင်းလုပ်ငန်းခွင်တွေမှာ သတိပေးဆိုင်းဘုတ်တွေရှိပါတယ်။ ဒီဆိုင်းဘုတ်သင်္ကေတတွေရဲ့အဓိပ္ပါယ်ကိုသိအောင် လေ့လာထားသင့်ပါတယ်။

အမြင့်ပေါ်တက်ပြီး လုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ ခါးပတ်နဲ့ အသက်ကယ်ကြိုးအမြဲတပ်ရပါမယ်။

မီးဘေးဖြစ်လာရင် ကိုယ်တိုင်ဘယ်လိုကာကွယ်ထားရမလဲလေ့လာထားရပါမယ်။ မီးသတ်ဘူးအသုံးပြုပုံကို မသိမဖြစ်လေ့လာထားရပါမယ်။

အလေးပစ္စည်းတွေ သယ်ယူတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ သယ်ယူရပါမယ်။ စက်ကိရိယာသုံးရမယ်ဆိုရင် မသုံးမဖြစ်သုံးပေးရပါမယ်။

လျှပ်စစ်ကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လေ့လာထားရပါမယ်။ ခန္ဓာကိုယ် ရေစိုနေစဉ်မှာ လျှပ်စစ်ပစ္စည်းမသုံးသင့်ပါဘူး။ ရေစို၊ဆီစို ဝါယာကြိုးအဟောင်းတွေ မသုံးသင့်ပါဘူး။
လျှပ်စစ်ကို သတိနဲ့ အမြဲသုံးရပါမယ်။

Ref: ထိုင်းအလုပ်သမားရေးရာဌာန/ ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်သော
အလုပ်သမားများအတွက် ပညာပေးလက်စွဲ

https://www.doe.go.th/prd/main/general/param/site/1/cat/26/sub/0/pull/singleview/view/detail/object_id/1
Share.
Leave A Reply

Exit mobile version