မြန်မာနိုင်ငံကနေ ထိုင်းကိုရွှေ့ပြောင်းလုပ်ကိုင်ကြတာ ခေတ်အဆက်ဆက်ပဲဖြစ်ပါတယ်။ အရင်က ကရင်၊တနင်္သာရီ၊ဧရာဝတီနဲ့ ပဲခူးအနောက်ဘက် ဒေသကလူတွေဟာ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၂၂ လောက်ကစပြီး မန္တလေးနဲ့ ရန်ကုန်လိုဒေသက လူတွေပါ ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းလုပ်ကိုင်မှုဟာ မြင့်တက်လာခဲ့တယ်လို့ ၂၀၂၄ ဧပြီလက ထုတ်ပြန်တဲ့ IOM (International Organization for Immigration) စစ်တမ်းတစ်ခုမှာ ဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်ကိုင်သူအများစုရှိတဲ့ကဏ္ဍဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာဖြစ်ပြီး ၂၁ ရာခိုင်နှုန်းထိ ရှိတယ်လို့ သိရပါတယ်။ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်နေသူကတော့ ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဝန်ဆောင်မှု၊ ဈေးရောင်းဈေးဝယ်နဲ့ ဆောက်လုပ်ရေးကဏ္ဍ တွေမှာလည်း အဓိကလုပ်ကိုင်နေကြတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

ဘန်ကောက်မှာ မြန်မာရွှေ့ပြောင်းလုပ်ကိုင်သူတွေဟာ ဈေးရောင်းဈေးဝယ်လုပ်ငန်းမျိုးတွေကို အဓိက လုပ်ကိုင်နေကြပြီး ချင်းမိုင်မှာတော့ ဝန်ဆောင်လုပ်ငန်းတွေကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

Ref: IOM/Overview of Myanmar Nationals in Thailand

Share.
Leave A Reply

Exit mobile version