ထိုင်းနဲ့မြန်မာဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုခြင်းလည်း ဆင်တူပါတယ်။ ဒါကြောင့် အားနာတဲ့ ယဉ်ကျေးမှုရှိပါတယ်။

အနောက်နိုင်ငံက လူတွေအတွက် အားနာတယ်ဆိုတာကို အလွယ်တကူ သဘောမပေါက်ပါဘူး။ စကားရဲ့ အဓိပ္ပါယ်ကို ရှင်းပြဖို့ကလည်း ယဉ်ကျေးမှုခြင်းကွဟချက်ကြောင့် တိကျတဲ့ စကားလုံးကို ရှာဖို့ မလွယ်ပါဘူး။

ထိုင်းမှာတော့ ဒီလိုအားနာတာနဲ့ တူတဲ့စကားလုံး ရှိပါတယ်။ “ခရန်ချိုင်”လို့ ခေါ်ပါတယ်။ တစ်ဖက်သားကိုထည့်တွက်ပေးတာ၊ တစ်ဖက်သားအတွက် အခက်အခဲဖြစ်သွားမှာစိုးရိမ်တာ၊ ယဉ်ကျေးတာ၊လေးစားတာ၊ မျက်နှာပျက်မယ့် အလုပ်မျိုးမလုပ်ခြင်တာ၊ စတဲ့အဓိပ္ပါယ်တွေ ပါဝင်ပြီး မြန်မာစကားလုံး အားနာတာနဲ့ အနီးဆုံးပါပဲ။

ဒီစကားလုံးကို ထိုင်းတွေကိုယ်တိုင်လည်း သဘောကျပါတယ်။  တစ်ဖက်လူက ဒီလိုသုံးနှုန်းပြောတဲ့အခါမှာ ဒီလူဟာ အပြောအဆိုယဉ်မွန်ရည်တဲ့လူလို ထင်ကြပါတယ်။ တစ်ဖက်သားပေါ်စဉ်းစားပေးတတ်ပြီး ယဉ်ကျေးတဲ့လူလို့ ထင်မြင်တတ်ကြပါတယ်။

Share.
Leave A Reply

Exit mobile version