ကားမောင်းနေသူဟာ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောလို့မရပါဘူး။ ဖုန်းသုံးတာလည်း လုပ်လို့မရပါဘူး။ ထိုင်းနိုင်ငံဥပဒေအရ ဒဏ်ငွေ ဘတ် ၄၀၀ ကနေ ၁၀၀၀ ထိ ပေးဆောင်ရနိုင်ပါတယ်။

ဒါ့အပြင် ကားစီးတဲ့အခါ ယာဉ်မောင်းသူပဲ ဖြစ်ဖြစ်၊လိုက်ပါစီးနင်းသူပဲ ဖြစ်ဖြစ် ထိုင်ခုံခါးပတ်ကို အမြဲပတ်ထားရပါမယ်။ ကိုယ်ပိုင်ကားဖြစ်ဖြစ်၊ အများသုံးကားဖြစ်ဖြစ် ထိုင်ခုံခါးပတ်ကို အမြဲပတ် ထားရ မှာဖြစ်ပါတယ်။ မလိုက်နာဘူးဆိုရင် ဘတ် ၁၀၀ ကနေ ၅၀၀ ထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

အဝေးပြေးကားတွေမှာလည်း ဒီစည်းကမ်းက အကြုံးဝင်ပါတယ်။ ထိုင်ခုံခါးပတ်မပတ်တဲ့ ဒဏ်ငွေကို ယာဉ် မောင်းနှင်နေသူက ပေးရမှာမဟုတ်ဘဲ ခါးပတ်မတပ်သူကသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

လိုင်စင်မပါဘဲ မောင်းမယ်ဆိုရင်တော့ ဒဏ်ငွေကနေ ထောင်ဒဏ်ထိ ရှိပါတယ်။

Ref: ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်/IOM Thailand

https://thailand.iom.int/sites/g/files/tmzbdl1371/files/documents/Post-arrival%2520Orientation%2520Manual%2520for%2520Migrant%2520Workers%2520%2528Myanmar%2529.pdf
Share.
Leave A Reply

Exit mobile version