ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နယ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး (immigration ) ရဲတပ်ဖွဲ့နဲ့  အမှတ် ၅ လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့က ရဲတွေအပြင် ထိုင်းစစ်တပ်အဖွဲ့တွေပါ ပူးပေါင်းပြီး ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၊ သာဆိုင်လွတ်မြို့နယ်က သဘာဝဖြတ်ကျော်ဂိတ် နေရာမှာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူ ၁၆ ဦးစလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဖြစ်ခြင်း ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့က ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့အတွက် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ နေရပ်ပြန်ပို့ရေးဌာနကို လွှဲပြောင်းပေးပို့ထားတယ်လို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version