ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က လွိုင်ကထုံပွဲတော်ကာလအတွင်း ပြည်သူများအားလုံးအနေနဲ့ ဥပဒေများကို လိုက်နာပြီး ဘေးကင်းလုံခြုံစွာ ဆင်နွှဲကြဖို့ တိုက်တွန်းထားပါတယ်။
တားမြစ်ချက် နှင့် ပြစ်ဒဏ်
မီးပန်း၊ ဗျောက်အိုး၊ မီးပုံးပျံ စတာတွေကို ခွင့်ပြုချက်မရှိတဲ့ နေရာတွေမှာ ပစ်ဖောက်ခြင်း၊ လွှတ်တင်ခြင်း မပြုလုပ်ရပါဘူး။ တကယ်လို့ ပြုလုပ်ပါက ထောင်ဒဏ် (၃) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၆၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
မီးလောင်မှုဖြစ်ပွားပါက ပြစ်ဒဏ်ပိုမိုကြီးမားမည်
တကယ်လို့ ဒီလိုလုပ်ရပ်ကြောင့် သူတစ်ပါးရဲ့ ပိုင်ဆိုင်မှု သို့မဟုတ် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ မီးလောင်မှုတွေ ဖြစ်ပွါးခဲ့ရင် ထောင်ဒဏ် (၇) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
ဘေးကင်းရေး သတိပြုရန်အချက်များ
- ပွဲတော်ကျင်းပရာ နေရာများတွင် အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး ခိုက်ရန်ဖြစ်ပွားမှုများကို လျှော့ချပါ။
- မြေပြိုနိုင်သော ကမ်းပါးများကဲ့သို့သော နေရာများကို ရှောင်ရှားပါ။ ရေနစ်မြုပ်နိုင်တဲ့အန္တရာယ်ကို အထူးသတိပြုပါ။
- လူများပြားထူထပ်တဲ့ နေရာများတွင် ကလေးသူငယ်များကို မိဘများက အနီးကပ် စောင့်ရှောက်ပေးပါ။