ထိုင်းနိုင်ငံ အစိုးရအဖွဲ့အပြောင်းအလဲမှာ ဝန်ကြီးအသစ်တွေ ခန့်အပ်လိုက်ပါပြီ။ အဲဒီအထဲမှာ မစ္စ သီနုချ် သီယန်ထောင်း (Ms. Trinuch Thienthong) ကို အလုပ်သမားဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။မစ္စ သီနုချ် သီယန်ထောင်းဟာ အရင်က ပညာရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အခုတော့ ပညာရေးကဏ္ဍကနေ အလုပ်သမားကဏ္ဍကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခံလိုက်ရတာဖြစ်ပါတယ်။

ဝန်ကြီးအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ဦးဆောင်သွားမှာ ဖြစ်ပြီး အလုပ်သမားရေးရာကိစ္စ၊ လုပ်ငန်းခွင်အခြေအနေ၊ အလုပ်အကိုင်ရှာဖွေရေးနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အဓိကတာဝန်ယူရမှာ ဖြစ်ပါတယ်။

Share.
Leave A Reply

Exit mobile version