ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီပြည်နယ်၊ ကောဖငန်ကျွန်းမှာ အရွက်ပြုတ်ရည် ရောင်းချတဲ့နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးရာ၊ မြန်မာလုပ်သားအမျိုးသမီးနှစ်ဦးနဲ့အတူ အခြားပါဝင်သူတွေကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့နေရာဟာ ကျောင်းနားမှာရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး တစ်နေ့ကို ဘတ်ငွေ တစ်သောင်း ဝင်ငွေရရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကောဖန်ကျွန်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေဟာ ပညာသင်ကျောင်းနဲ့ မီတာ ၅၅၀ လောက်ပဲ ကွာဝေးတဲ့နေရာက ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒီဆိုင်ဟာ လူငယ်တွေ၊ နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ စုဝေးပြီး မူးယစ်ဆေးဝါးသုံးစွဲကြတဲ့နေရာလို့ ဒေသခံတွေက တိုင်ကြားထားတာဖြစ်ပါတယ်။

ဆိုင်ကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးဖြစ်တဲ့ မသန္တာ (အသက် ၂၇ နှစ်) နဲ့ မမြတ်နိုးဝေ (အသက် ၃၁ နှစ်) တို့ကို တွေ့ခဲ့ရပြီး ဆိုင်ထဲမှာ ခရာတွန်အရွက်ပြုတ်ရည်တွေ၊ အရွက်အစိုတွေနဲ့ ချောင်းဆိုးပျောက်ဆေးတွေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အသက် ၄၈ နှစ်အရွယ် ထိုင်းလူမျိုးဆိုင်ရှင် အတွက် အလုပ်လုပ်ပေးနေတာဖြစ်ပြီး မြန်မာအလုပ်သမားတွေဟာ အရွက်ပြုတ်ရည်နဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ရောစပ်ပြီး ရောင်းချနေတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဆိုင်ရှင် ဝုတ္ထိချိုင်းကို လိုင်စင်မရှိဘဲ ခိုရ်တုံးရွက်ပြုတ်ရည်နဲ့ ချောင်းဆိုးပျောက်ဆေး ရောင်းချမှုနဲ့ တရားမဝင်အလုပ်သမား ခန့်ထားမှုတွေနဲ့ တရားစွဲဆိုထားပြီး  မြန်မာလုပ်သားနှစ်ဦးကိုတော့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားစွဲထားပြီး၊ မမြတ်နိုးဝေကိုတော့ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မှာ ဖော်ပြထားတဲ့အလုပ်ထက် ပိုမိုလုပ်ကိုင်မှုနဲ့ပါ ထပ်တိုးတရားစွဲဆိုထားတယ်လို့ MGR သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version