စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ကန်ချနာပူရီခရိုင်၊ သောင်ဖာဖုမ်မြို့နယ်က ရွာနှစ်ရွာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး ၊ အမျိုးသမီး ၁၂ ဦး ၊ စုစုပေါင်း ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ဒီအဖွဲ့ကို သောင်ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားမှုနဲ့ အထူးတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာပါ။

တရားမဝင်အလုပ်သမားတွေကို သောင်ဖာဖုမ်ကနေ ဖြတ်ပြီး ခိုးသွင်းမယ်ဆိုတဲ့သတင်းရထားတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ကြည့်နေခဲ့တာပါ။ အဲဒီအချိန်မှာ သံသယဖြစ်စရာ ကားနှစ်စီးကို တွေ့တာကြောင့် ရပ်တန့်စစ်ဆေးဖို့ အချက်ပြလိုက်တဲ့အခါ ကားတွေက အရှိန်မြှင့်ပြီး ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာမှာ ကားနှစ်စီးလုံးကို ရပ်တန့်နိုင်ခဲ့ပေမဲ့ ကားမောင်းတဲ့သူတွေကတော့ ကားကိုထားခဲ့ပြီး တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့မြန်မာလုပ်သားတွေကို မေးမြန်းကြည့်ရာမှာသူတို့ဟာ ဘန်ကောက်နဲ့ တခြားမြို့တွေမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။ စံခလပူရီကနေ ကားနဲ့ လာခဲ့ကြတာဖြစ်ပြီး ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ယောက်ကို ဘတ် ၁၃,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ ကန်ချနာပူရီမြို့ကိုရောက်ရင် နောက်ထပ် ကားတစ်စီးနဲ့ ဆက်ပြီး ပို့ပေးမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးရမိသူအားလုံးနဲ့ ကားနှစ်စီးကို သောင်ဖာပွန်ရဲစခန်းမှာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

သတင်း – ชารเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version