Booking.comရဲ့ ၂၀၂၅ ခုနှစ် နွေရာသီခရီးသွားလာမှု လမ်းကြောင်းစစ်တမ်းအရ ဘန်ကောက်မြို့ဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံးလာရောက်တဲ့ ထိပ်တန်း ၅ မြို့စာရင်းထဲမှာ ပါဝင်နေပါတယ်။Booking.com က ကမ္ဘာတစ်ဝန်းက ခရီးသွားသန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို အခြေခံပြီး ဒီအဆင့်သတ်မှတ်ချက်ကို ပြုစုတာဖြစ်ပါတယ်။ 

စီးပွားရေး မတည်မငြိမ်ဖြစ်နေပေမယ့် ခရီးသွားလိုစိတ်ကတော့ အားကောင်းနေဆဲဖြစ်ကြောင်း ဒီစစ်တမ်းက ဖော်ပြနေပါတယ်။၂၀၂၅ ခုနှစ် နွေရာသီအတွက် ရေပန်းအစားဆုံး ခရီးသွားမြို့ ၅ မြို့ကတော့

  • အီဂျစ်နိုင်ငံက Hurghada နဲ့ Sharm El Sheikh
  • ဂျပန်နိုင်ငံ တိုကျို
  • အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းနဲ့
  • ထိုင်းနိုင်ငံ ဘန်ကောက် တို့ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေတွေရှိနေပေမယ့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ဆက်လက်ဆွဲဆောင်နိုင်ဆဲပါ။ ယဉ်ကျေးမှုမျိုးစုံ၊ နာမည်ကျော် ထိုင်းအစားအစာတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာတွေကြောင့် ဘန်ကောက်ဟာ ခရီးသွားလာရေးအတွက် ကမ္ဘာ့အချက်အချာ နေရာတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ကြည့်မယ်ဆိုရင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၃ ရက်အထိ နိုင်ငံခြားသား ခရီးသွား ၁၉.၅ သန်းကျော် လာရောက်ခဲ့ပါတယ်။ အများဆုံး လာရောက်တဲ့ နိုင်ငံ ၅ နိုင်ငံကတော့ တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်ကိုရီးယားတို့ ဖြစ်တယ်လို့ ch7 မှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version