ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့၊ ဘိုထောင်ကျေးရွာရှိ တစ်ခါသုံးထမင်းဘူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ MOU မြန်မာလုပ်သား ကိုနန်းကိုဦးဟာ ဇူလိုင် ၁၁ ရက်နေ့က မနက် ၂:၄၀ ခန့်မှာ စက်ချို့ယွင်းတာကို ပြင်နေရင်း စက်ထဲချော်ကျပြီး မတော်တဆဖြစ်ကာ သေဆုံးခဲ့ပါတယ်။

အစပိုင်းမှာ စက်ရုံတာဝန်ရှိသူတွေက ဘာမှတာဝန်ယူလုပ်ဆောင်ပေးတာမရှိလို့ အလုပ်သမားတွေအားလုံးက စက်ရုံရှေ့မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီနောက်မှာ WAG ကို အကူအညီတောင်းခံခဲ့ကြပြီး

WAG အဖွဲ့အနေနဲ့ ဇူလိုင် ၁၁ ရက်နေ့မနက်ပိုင်းမှာပဲ မြို့နယ်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ ဒေသခံရဲစခန်းနဲ့ တရားမျှတရေးရုံးတို့က ဝန်ထမ်းတွေနဲ့အတူ စက်ရုံနဲ့ ပွဲစားကုမ္ပဏီတို့ကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ညှိနှိုင်းမှုရလဒ်အနေနဲ့ စက်ရုံဘက်ကနေ ထောက်ပံ့ကြေး ဘတ် ၁၅၀,၀၀၀ နဲ့ သင်္ဂြိုလ်စရိတ် ဘတ် ၅၀,၀၀၀ စုစုပေါင်း ဘတ် ၂၀၀,၀၀၀ ကို သေဆုံးသူရဲ့ညီဖြစ်သူကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အစိုးရရဲ့ လူမှုဖူလုံရေးရုံး (ပကန်စန်ခွန်) ကနေ သတ်မှတ်ထားတဲ့ လျော်ကြေးငွေ ဘတ် ၇ သိန်းကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေဆီ တိုက်ရိုက်လွှဲပေးမယ်ဆိုပြီး သဘောတူခဲ့ကြတယ်လို့ WAG Myanmar သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version