ချင်းမိုင်မှာ ထီဝယ်လိုအားက တော်တော်လေးကို မြင့်တက်နေပြီး ကံကောင်းတယ်လို့ ယုံကြည်ရတဲ့ ဂဏန်းတွေ နဲ့ နိုင်ငံရေးအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ ဂဏန်းတွေ ကို လူတွေက ပိုပြီး စိတ်ဝင်စားနေကြပါတယ်။ အထူးသဖြင့် ထိုင်းစစ်တပ်က အဓိကနေရာ ၁၁ နေရာကို ထိန်းချုပ်နိုင်ခဲ့တဲ့ အထိမ်းအမှတ် ဂဏန်းတွေကလည်း အရမ်းကို ရေပန်းစားနေပါတယ်။

လူကြိုက်များတဲ့ ဂဏန်းများ

ချင်းမိုင်-လမ်ဖွန်လမ်းမှာ ထီရောင်းတဲ့သူက ကံကောင်းစေတဲ့ဂဏန်းတွေက မြန်မြန်ကုန်တယ်လို့ ပြောပါတယ်။ ဂဏန်းနှစ်လုံးတွဲတွေဖြစ်တဲ့ ၇၃၊ ၂၈၊ ၁၀၊ ၀၄၊ ၇၂၊ ၇၄၊ ၉၅၊ ၁၂၊ ၉၂၊ ၉၃၊ ၉၄၊ ၃၀၊ ၁၈၊ ၂၁၊ ၃၈၊ ၄၃ တို့ လူကြိုက်များပါတယ်။ ဂဏန်းသုံးလုံးတွဲတွေဖြစ်တဲ့ ၄၉၅၊ ၉၀၄၊ ၇၇၃၊ ၉၀၂၊ ၁၂၈၊ ၈၁၂၊ ၈၉၃၊ ၄၇၅၊ ၉၀၂၊ ၀၁၈၊ ၇၉၄၊ ၄၄၃၊ ၅၃၈ တို့လည်း ဝယ်လိုအားများနေပါတယ်။

အထင်ကရ ပုဂ္ဂိုလ်များရဲ့မွေးနေ့ဂဏန်းများ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (၇၆ နှစ်) နဲ့ ချွန် လိခ်ဖိုင် (၈၇ နှစ်) တို့ရဲ့ မွေးနေ့ဂဏန်းတွေအပြင် ကွယ်လွန်သူ အဆိုတော် ဖူမ်ဖူအန်း ဒေါင်ဂျန် ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဂဏန်းတွေလည်း ထီထိုးသူတွေကို လွှမ်းမိုးနေပါတယ်။ တရုတ်ပြက္ခဒိန်ဂဏန်းတွေဖြစ်တဲ့ ၇၈၉၊ ၉၁၈၊ ၁၈၊ ၈၉၊ ၉၇ တို့လည်း ဆက်လက်လူကြိုက်များနေပါတယ်။

စစ်ရေးဆိုင်ရာ ဂဏန်းများ

ထိုင်းစစ်တပ်က ဗျူဟာမြောက်နေရာ ၁၁ ခုကို ထိန်းချုပ်ပြီး အလံစိုက်ထူခဲ့တာနဲ့ ပတ်သက်တဲ့ ဂဏန်းတွေလည်း ဝယ်လိုအားများပါတယ်။ တိုက်ပွဲစတဲ့ရက် (၂၄)၊ အပစ်အခတ်ရပ်စဲတဲ့ရက် (၂၉၊ ၃၀) တို့ကနေ ဂဏန်းပေါင်းစပ်မှုတွေပေါ်လာပြီး  ၁၁၊ ၂၉၊ ၃၀၊ ၂၁၊ ၃၁၊ ၂၄၊ ၁၆၊ ၂၂၁၊ ၂၁၁၊ ၃၃၁၊ ၃၁၁၊ ၆၁၁၊ ၆၆၁၊ ၂၄၄၊ ၂၂၄၊ ၀၃၃၊ ၂၉၂၊ ၂၉၉၊ ၇၅၈ စတဲ့ဂဏန်းတွေ ထိုးကြပါတယ်။ အထူးသဖြင့် ၃၀ နဲ့ ၃၁ ကတော့ အတော်လေး ရေပန်းစားပါတယ်။

သတင်း – thaiger 

Share.
Leave A Reply

Exit mobile version