ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက ဘန်ခဲခရိုင်၊ ကန်လာပါဖရာ့လမ်းပေါ်ရှိ နေအိမ်တစ်လုံးတွင် တရားမဝင်လောင်းကစားလုပ်နေတဲ့နေရာကို ရဲအဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၇ ဦးအပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ 

ဖမ်းဆီးခံရသူများအနက် တရုတ်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦးနဲ့ မြန်မာနိုင်ငံသား ၇ ဦး တို့ ပါဝင်ပြီး အချို့ကတော့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာတဲ့အချိန်မှာ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လူမှုကူညီရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီး စစ်ဆေးရာမှ သက်သေခံပစ္စည်းအနေနဲ့ ဘာကာရက်ဝိုင်း ၃ ခု၊ ဘတ်ငွေ ၂၇၄,၄၉၃,၇၅၀ တန်ဖိုးရှိတဲ့ လောင်းကစားချစ်ပ်တွေ နဲ့ ငွေသား ဘတ် ၃၆၈,၈၉၆ အပါအဝင် ပစ္စည်း ၃၄ မျိုးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူအားလုံးကလည်း ဘာကာရက်လောင်းကစားမှာ ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို ဖက်ခါဆမ်ရဲစခန်းက စုံစမ်းစစ်ဆေးရေးမှူးတွေဆီ လွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ khaosod သတင်းအရ သိရပါတယ်။ 

သတင်း – khaosod

Share.
Leave A Reply

Exit mobile version