Red Bull ရဲ့ပူးတွဲပိုင်ရှင်ကတော့ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။သူကတော့ ချလမ် ယိုဝစ်ထရာ((Chalerm Yoovidhya) ဖြစ်ပြီး Forbes မဂ္ဂဇင်းအရ သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၄၄.၅ ဘီလီယံ ရှိပါတယ်။ထိုင်းဘတ်ငွေနဲ့တွက်ရင် ဘတ် ၁.၆ ထရီလီယံနီးပါး ရှိပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူ့ပိုင်ဆိုင်မှုက ၈.၅ ဘီလီယံ တိုးလာခဲ့ပြီးတော့ ၂၄ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ တစ်ခုတည်းရှိပါတယ်။  Red Bull ကြောင့်ပါပဲ။

ကမ္ဘာတစ်ဝန်းမှာ ဘူးပေါင်း ၁၃ဘီလီယံ ရောင်းနိုင်ခဲ့တာကြောင့် ဝင်ငွေအနေနဲနဲ့ ၁၂.၉ ဘီလီယံ ဒေါ်လာ ရရှိခဲ့ပါတယ်။ဒါကြောင့် Red Bull ရဲ့ပူးတွဲပိုင်ရှင် ချလမ်က တစ်နှစ်အတွင်း အမြန်ဆုံးကြွယ်ဝလာသူ ဖြစ်သွားခဲ့တာပါ။

သူ့နောက်မှာရှိတဲ့ ဒုတိယနေရာကတော့ ချရွန် ဖော့ကဖမ် (Charoen Pokphand) အုပ်စု ရဲ့ ပိုင်ရှင် ချာရဝနွန်း (Chearavanont) ညီအစ်ကိုတွေဖြစ်ပြီး သူတို့လည်း ပိုင်ဆိုင်မှု ၃၅.၇ ဘီလီယံ ထိ ရှိလာတာပါ။ တစ်နှစ်အတွင်း ၂၃ ရာခိုင်နှုန်း တိုးလာခဲ့တာဖြစ်ပြီး သူတို့က စိုက်ပျိုးရေး၊ ကုန်စုံဆိုင်နဲ့ ဆက်သွယ်ရေးလို နယ်ပယ်ပေါင်းစုံမှာ ကြီးမားတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေပါ။

တတိယနေရာမှာတော့ စွမ်းအင်လုပ်ငန်းရှင် ဆာရ ရက်တနဝတီ (Sarath Ratanavadi) က ပဉ္စမနေရာကနေ တက်လာပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုကလည်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရောက်လာပြီး ၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့တာကို ကြည့်ရင် စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေ ဘယ်လောက် အကျိုးအမြတ်များနေလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒီ ထိပ်တန်း အချမ်းသာဆုံး မိသားစုသုံးစုပေါင်းရဲ့ ပိုင်ဆိုင်မှုတွေ သိသိသာသာ တိုးလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀ ဦးရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာလည်း ၁၁ ရာခိုင်နှုန်း တိုးပြီး အမေရိကန်ဒေါ်လာ ၁၇၀.၅ ဘီလီယံအထိ ရောက်သွားပြီလို့ သိရပါတယ်။

လုပ်ငန်းရှင်ကြီးတွေတင်မကဘူး။ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တစ်ဦးလည်း ဒီစာရင်းထဲမှာ ပါပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ပါ။ သူကတော့ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ပိုင်ဆိုင်မှုနဲ့ ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

Ref : forbes/thaiger 

Share.
Leave A Reply

Exit mobile version