ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုမှာ ဇူလိုင်လ ၁ ရက်နေ့က မြန်မာဆောက်လုပ်ရေးလုပ်သားနှစ်ဦး အရက်သောက်ရင်း စကားများကြရာမှ ဓားခုတ်မှုဖြစ်ပွါးခဲ့ရာ တစ်ဦးမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ 

အဆိုပါအလုပ်သမား ၂ ဦးမှာ ညနေပိုင်းကတည်းက အရက်ဖြူသောက်ခဲ့ကြပြီး ငွေကြေးကိစ္စအငြင်းအခုံကြောင့် ရန်ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ ရဲတွေရောက်ရှိလာချိန်မှာ အသက် ၃၉ နှစ်အရွယ် ကိုကျော်တာစိန်ဆိုသူက ဦးခေါင်းမှာ သွေးတွေစီးကျနေပြီ ၁၀ စင်တီမီတာခန့် ရှည်လျားတဲ့ ဓားဒဏ်ရာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အနီးရှိ မီနီမတ်ဆိုင်မှ ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်အရ ကိုကျော်တာစိန်ဟာ သွေးထွက်နေတဲ့ ဦးခေါင်းကို ဖိကိုင်ရင်း အကူအညီတောင်းခံကာ ဆိုင်ထဲ ပြေးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ စီစီတီဗွီမှတ်တမ်းမှာလည်း လုပ်ဖော်ကိုင်ဖက် လေးဦးက ကိုကျော်တာစိန်ကို လုပ်ငန်းခွင်သို့ ပြန်ဆွဲခေါ်ရန် ကြိုးစားနေတာကို တွေ့ရှိရပြီးနောက် ကုန်စုံဆိုင်ဝန်ထမ်းက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုဖြစ်တဲ့နေရာနားမှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားအဆောင်ကို ရဲတွေ လိုက်သွားရာမှာ အသက် ၅၁ နှစ်အရွယ် ကျော် ဆိုသူက ၎င်းရဲ့ ဘယ်ဘက်ဂျိုင်းအောက်တွင် ပြတ်ရှဒဏ်ရာများ ၊မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာများနဲ့ မွေ့ရာပေါ်မှာ ထိုင်နေတာကို တွေ့ရှိခဲ့ရပြီး သွေးစွန်းနေတဲ့ ဓားမတစ်ချောင်းကိုလည်း အခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လူနှစ်ဦးစလုံးက ဓားခုတ်မှုဖြစ်ပွားရသည့် အကြောင်းရင်နဲ့ ပတ်သက်၍ ထွက်ဆိုချက်တွေကွဲလွဲနေပြီ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အလုပ်သမားတွေရဲ့ ကြီးကြပ်ရေးမှု အဆိုအရ သူတို့ဟာ လုပ်ငန်းခွင်မှာလုပ်ကိုင်နေတာ တစ်လခန့်ရှိပြီဖြစ်ပြီး အရက်သောက်နေစဉ် ငွေကြေးကိစ္စနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကျော် ဆိုသူကို နောင်ပရူး ရဲစခန်းမှာ စစ်ဆေးထိန်းသိမ်းလျက်ရှိပြီး ဒဏ်ရာရရှိသူ ကိုကျော်တာစိန်ကိုတော့ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့တယ်လို့ Pattaya News ကဖော်ပြထားပါတယ်။ 

သတင်း – pattyanews/thaiger

Share.
Leave A Reply

Exit mobile version