ရာဇဝတ်မှုတွေ ထိန်းချုပ်ဖို့၊ ခရီးသွားတွေ ဘေးကင်းဖို့နဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်တာတွေ တင်းကြပ်ဖို့ Phuket Eye ဆိုတဲ့ လုံခြုံရေးစီမံချက်ကို ဖူးခက်ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။ ဒီစီမံချက်ကြောင့်ပဲ တရားမဝင် ဝင်ရောက်လာသူ အလုပ်သမားတွေ အပါအဝင် လူပေါင်း ရာနဲ့ချီ ဖမ်းဆီးထားနိုင်တယ်လို့ သိရပါတယ်။ 

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ခြောက်လတာသုံးသပ်ချက်အစည်းအဝေးမှာ ရဲမှူးကြီး စင်လက်ဆွတ်ခမ်က Phuket Eye စတင်ခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံခြားသား ၃၆၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ

  • တရားမဝင် ဝင်ရောက်လာသူ ၈၇ ဦး
  • အရက်မူးပြီး ကားမောင်းသူ ၆၅ ဦး
  • တားမြစ်ထားတဲ့အလုပ် လုပ်ကိုင်သူ ၂၇ ဦး
  • မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ပြစ်မှု ကျူးလွန်သူ ၂၃ ဦး အပြင်လမ်းစည်းကမ်းချိုးဖောက်မှုနဲ့ နိုင်ငံခြားသား ၂၈,၈၀၉ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီထဲမှာတော့ ရုရှားနိုင်ငံသား ၃,၁၂၁ ဦးနဲ့ တရုတ်နိုင်ငံသား ၁,၇၂၁ ဦးတို့က အများဆုံး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဦးထုပ်ဆောင်းဖို့ တင်းကြပ်လိုက်တာနဲ့ အများသုံးယာဉ်တွေကို စနစ်တကျ စီမံခန့်ခွဲတာတွေကြောင့် လမ်းမပေါ်မှာ မတော်တဆမှုတွေကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ် သင်္ကြန်ပွဲတော်အတွင်းမှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးတာ တစ်ဦးမှ မရှိခဲ့ဘဲ၊ မတော်တဆမှု ၄၅ခုနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၅ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါက အရင်နှစ်တွေနဲ့ယှဉ်ရင် အများကြီး ကောင်းမွန်တဲ့ ရလဒ် ဖြစ်တယ်လို့လဲ ဆိုပါတယ်။

လုံခြုံရေးအစီအစဉ်များ

ဖူးခက်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကို ပိုမိုအားဖြည့်နိုင်ဖို့အတွက် လာမယ့်နှစ်မှာ ဘတ် ၉၈ သန်း ထက်မနည်း သုံးစွဲသွားဖို့ စီစဉ်ထားပြီး ဒီအစီအစဉ်အရ ကျွန်းတစ်ဝန်းလုံးမှာရှိတဲ့ CCTV ကင်မရာအရေအတွက်ကို ၂၂၃ လုံးကနေ ၅၀၃ လုံးအထိ တိုးမြှင့်တပ်ဆင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကင်မရာတွေကို ဖူးခက်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဗဟိုဒေတာဘေ့စ်နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး၊ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေကို ရက်ပေါင်း ၃၀ အထိ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စနစ်တကျ ချဲ့ထွင်မှုတွေက ဖူးခက်ကို ကမ္ဘာ့အဆင့်မီ ခရီးသွားနေရာတစ်ခုအဖြစ် လုံခြုံမှုအပြည့်နဲ့ ဆက်လက် တည်ရှိနေစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

သတင်း – bangkokpost/ thaiger

Share.
Leave A Reply

Exit mobile version