ထိုင်းနိုင်ငံတဝှမ်း၌ ဇွန်လ ၂၄ ရက်နေ့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်နိုင်ပြီး၊ တချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသများတွင်မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့နေရာများတွင် မိုးကြိုးမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေ ၆၀%ခန့် ရှိကြောင်း သိရပါတယ်။ 

မဲဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် ၊ တာခ့် အစရှိတဲ့ မြောက်ပိုင်းဒေသတွေမှာ ၇၀ % ခန့် မိုးရွာသွန်းနိုင်ပြီး အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရပါတယ်။

အရှေ့မြောက်ပိုင်း နဲ့ အရှေ့ပိုင်းမှာ မိုးကြိုးမုန်တိုင်းဖြစ်နိုင်ခြေ ၆၀% ရှိပြီး အလယ်ပိုင်းဒေသရှိ ပြည်နယ်များတွင် အများအားဖြင့် မိုးကြိုးမုန်တိုင်းဖြစ်နိုင်ခြေ ၄၀ % ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

အရှေ့ဘက်ကမ်းရိုးတန်းမှာ ဧရိယာရဲ့ ၆၀ % နဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ ဧရိယာရဲ့ ၇၀ % တို့မှာ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ပြီး အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။ 

ပင်လယ်ဒေသများတွင်လည်း လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာခန့် ရှိနိုင်ပြီး မိုးကြိုးမုန်တိုင်း ကျရောက်နိုင်တဲ့ ဒေသတွေမှာ လှိုင်းအမြင့် ၂ မီတာအထိ ရှိနိုင်တာကြောင့် သင်္ဘောသားများအနေဖြင့် သတိပြုသွားလာကြဖို့ ထိုင်းမိုးလေဝသဌာနက  သတိပေးထားပါတယ်။ 

သတင်း – matichon

photo:aigenerated

Share.
Leave A Reply

Exit mobile version