ထိုင်းနိုင်ငံ ရနောင်းပြည်နယ်မှာ တာဝန်ရှိအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား ၆၀ ဦးကို ဇွန်လ ၁၉ ရက်နေ့က တရားမဝင်အလုပ်လုပ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
မြန်မာ ၄၇ ဦး မှာ အလုပ်လုပ်ခွင့်ရှိသူများဖြစ်သော်လည်း၊ ၎င်းတို့၏အလုပ်ရှင် ၊ အလုပ်လုပ်နေသည့်နေရာ၊ လုပ်ငန်းအမျိုးအစား စတဲ့အချက်အလက်များကို သက်ဆိုင်ရာအရာရှိထံ တရားဝင်အသိပေးမပြုခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မြန်မာ ၁၃ ဦး ကတော့ တရားဝင်အလုပ်လုပ်ခွင့်မရှိဘဲ သို့မဟုတ် တရားဝင် ခွင့်ပြုထားတဲ့အလုပ်ထင် ကျော်လွန်လုပ်ကိုင်ခြင်းတို့ဖြင့် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို မြို့နယ် ရဲစခန်းသို့လွှဲပြောင်းထားပြီး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ထိုင်းဥပဒေအရ ဥပဒေဖောက်ဖျက်မှုတွေကို တင်းကျပ်စွာအရေးယူလျက်ရှိတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်လိုင်စင်ရရှိထားရုံသာမက သက်ဆိုင်ရာအချက်အလက်များကိုလည်း တိကျစွာ စာရင်းသွင်းထားရမှာဖြစ်ပါတယ်။
သတင်း – rayongimmigration