ထိုင်းမိုးလေဝသဌာနက ဇွန်လ ၂၂ ရက် ၊စနေနေ့ မှာထုတ်ပြန်တဲ့ သတိပေးချက်အရ ကပ္ပလီပင်လယ်ပြင်၊ ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်ကွေ့ဒေသများတွင် အနောက်တောင် မုတ်သုန်လေသည် ပိုမိုအားကောင်းလာပြီး ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးထားပါတယ်။
အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့ပိုင်း နှင့် တောင်ပိုင်းဒေသအချို့တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းပါတယ်။ အနောက်မြောက်ပိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းအန္တရာယ်များအတွက် ၎င်းနေရာများတွင် နေထိုင်သူများ အနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
အရှေ့မြောက်ပိုင်း နဲ့ အလယ်ပိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ဘန်ကောက်နဲ့အနီးတစ်ဝိုက်ဒေသတွေမှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အနောက်တောင်ပိုင်း နဲ့ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်တာကြောင့် လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာခန့်ရှိနိုင်ပြီး သင်္ဘောများအတွက်လည်း ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းနှင့် ထိုင်းပင်လယ်ကွေ့အထက်ပိုင်းရှိ ဒေသများတွင် လှိုင်းအသင့်တင့်ရှိနိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။လှိုင်းအမြင့် ၂ မီတာကျော်နိုင်တာကြောင့် သတိထားပြီး သွားလာကြဖို့ကိုလည်း အကြံပြုထားပါတယ်။
သတင်း – thaiger