ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖူခရိုင်အတွင်းရှိ ၃၂၃ လမ်းမပေါ်၊ ကွေ့မဲ့တံတားအနီးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးကို တရားမဝင် ဝင်ရောက်လာမှုနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြန်ပါတယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ယာဉ်မောင်းကိုလည်း တရားမဝင် လုပ်သား သယ်ဆောင်မှုနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက် ည ၈ နာရီခွဲ အချိန်ခန့်မှာ နယ်မြေအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင်သယ်ဆောင်လာတယ်လို့ သတင်းရရှိတာကြောင့် သွားရောက်စစ်ဆေးရာ မသင်္ကာဖွယ် ယာဉ်တစ်စီးကိုတွေ့ရှိခဲ့ရာမှ မြန်မာအလုပ်သမား ၁၂ ဦးနဲ့အတူ ယာဉ်မောင်းကိုပါ ဖမ်းဆီးမိခဲ့တာပါ။ 

စစ်ဆေးရန်အတွက် ရပ်နားခိုင်းရာမှ ယာဉ်မောင်းက တိမ်းရှောင်ထွက်ပြေးသော်လည်း ပြန်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ ယာဉ်မောင်းဟာ အသက် ၄၄ နှစ်အရွယ်ရှိသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအရ အခကြေးငွေယူပြီး တရားမဝင်အလုပ်သမားတွေကို စံခလဘူရီမြို့နယ်မှ ကန်ချနဘူရီမြို့အထိ ပို့ဆောင်ပေးတာဖြစ်ကြောင်းနဲ့ အခုတစ်ကြိမ်ပို့ဆောင်တာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အာဏာပိုင်တွေအနေနဲ့ တရားဝင်စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်နေပြီး၊ ဥပဒေအရ အရေးယူဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

Share.
Leave A Reply

Exit mobile version