ရနောင်းခရိုင်၊ ဘန်ရင့်ပ်မြို့နယ်ခွဲမှာ အထောက်အထား မပြည့်စုံဘဲ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ရေကြောင်းရဲတပ်ဖွဲ့ (MPD) က  နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ဒီဖမ်းဆီးမှုကို ရေကြောင်းရဲတပ်ဖွဲ့ (MPD) ရဲ့ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ 

ရေကြောင်းရဲတပ်ဖွဲ့၊ တပ်ခွဲ ၈ မှ အရာရှိတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၄၅ နှစ် နဲ့ ၅၆ နှစ် အရွယ် မြန်မာအမျိုးသား ၂ ဦး နဲ့ အသက် ၅၆ နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို နိုင်ငံခြားသားတစ်ဦးအနေဖြင့် တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း နေထိုင်ခြင်းစွဲချက်နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် ရနောင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Marine Police က သတင်းထုတ်ပြန်ထားပါတယ်။

Share.
Leave A Reply

Exit mobile version