ချန်သပူရီ-ထရတ် နယ်စပ် မှာ ထိုင်းတော်ဝင်ရေတပ်က လုံခြုံရေးစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁၀၈ ဦး ဖမ်းဆီးခံခဲ့တယ်လို့ သိရပါတယ်။ 

ရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ပါရာ့ချ် ရတ်တနချိုင်းဖန်ရဲ့ ပြောကြားချက်အရ ချန်သပူရီခရိုင်၊ ဆွိုင်ဒါဝ် မြို့နယ်ဘက်မှာ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အရာရှိတွေ ပူးပေါင်းပြီး ဒီလုပ်သားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒီအလုပ်သမားတွေဟာ ချန်သပူရီ၊ ရယောင်း၊ ချွန်ဘူရီ နဲ့ ဘန်ကောက်မြို့ကြီးတွေမှာ အလုပ်လာလုပ်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး လူခေါ်ပေးတဲ့သူကို တစ်ဦးကို ဘတ် ၅,၅၀၀ ကနေ ၇,၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဆေးကြည့်တဲ့အခါ သူတို့တွေဟာ ထိုင်း-ကမ္ဘောဒီးယား ပြဿနာတွေကြောင့် နေရပ်ပြန်သွားခဲ့ရသူတွေ ဖြစ်ပြီး ပြည်တွင်းမှာ အလုပ်မရှိ၊ စားဝတ်နေရေး ခက်ခဲလာတာကြောင့် အလုပ်ရှာဖို့အတွက် တရားမဝင် လမ်းကြောင်းကနေ ပြန်ဝင်လာတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

ဒါကြောင့် ထိုင်းရေတပ်က နယ်စပ်ထိန်းချုပ်ရေးကို အရင်ထက် ပိုမိုတင်းကျပ်သွားမှာဖြစ်တယ်လို့ ch7 သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version